close

တောင်သမာန်အင်း

close

November 17, 2021

တောင်သမာန်အင်းအနီး စာအုပ်ရောင်းသည့်ဆိုင်ကို စစ်တပ်က လက်နက်ဖြင့်ခြိမ်းခြောက် လုစုခွဲ

မန္တလေးမြို့၊ အမရပူရမြို့နယ်၊ တောင်သမာန်အင်းအနီး ရောင်းချနေတဲ့ စာအုပ်ဆိုင်ကို နိုဝင်ဘာ ၁၇ ရက်  ဒီမနက် ၁၁ နာရီလောက်က စစ်ကောင်စီတပ်သားတွေ လက်နက်နဲ့ လာရောက် ခြိမ်းခြောက် လူစုခွဲခဲ့တယ်လို့  သိရပါတယ်။

စာအုပ်အမျိုးမျိုးကို တစ်ပိဿာ ၂၀၀၀ ကျပ်နဲ့ ရောင်းချနေတာဖြစ်ပြီး စစ်ကောင်စီတပ်သားတွေဟာ အရပ်ဝတ်တွေနဲ့လာကာ သေနတ်ပြ လူစုခွဲခိုင်းတာဖြစ်တယ်လို့ မျက်မြင်တွေ့သူ တစ်ဦးက ဆိုပါတယ်။

“စာအုပ်ရောင်းတာ ကြိုက်တာယူ တစ်ပိဿာ နှစ်ထောင်ဆိုပြီး ရောင်းတာ။ ဒါကို လူတွေက စိတ်ဝင်တစားဝယ်နေတာ။ လူအယောက် သုံးဆယ် လေးလောက် ရှိတာ။ ဒါကို အရပ်ဝတ်နဲ့ သေနတ်တွေနဲ့လာပြီး ဘယ်သူ့ခွင့်ပြုချက်နဲ့ရောင်းတာလည်း ဘာလဲ လာခြိမ်းခြောက်တော့ ဝယ်သူတွေလည်း ပြေးကုန်ကြတယ်။” လို့ မျက်မြင်တွေ့သူ စာပေလောကသား တစ်ဦးက ပြောပါတယ်။

စာအုပ်ရောင်းတာကို နိုဝင်ဘာ ၁၇ ရက်မှ ၁၉ ရက်အထိ ၃ ရက်တိုင်ရောင်းချပေးဖို့ အသိပေးထားပေမဲ့ အခုလို အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ လက်နက်နဲ့ လာရောက်ခြိမ်းခြောက်တဲ့အတွက် နောက်ရက်တွေမှာ ရောင်းချသွားမှာမဟုတ်ဘူးလို့ သိရပါတယ်။

12 mins Ago
Up