close

တောင်သာမြို့နယ်

close

September 20, 2022

တောင်သာမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ရာအိမ်မှူး ပစ်ခတ်ခံရ

မန္တလေးတိုင်း  တောင်သာမြို့နယ် မှာ စက်တင်ဘာ ၁၉ ရက် မနက်ပိုင်းက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတဦးနဲ့ ရာအိမ်မှူးတဦး သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သာယာမြိုင်ကျေးရွာက ကျေးရွာအုပ်ချုပ်ရေးမှူး ခင်မောင်ဝင်းနဲ့ ရာအိမ်မှူး ဝင်းစော တို့နှစ်ဦးကို  အမည်မသိ သေနတ်သမားက လာရောက်ပစ်ခတ်သွားတဲ့အတွက် အုပ်ချုပ်ရေးမှူး အခင်းဖြစ်နေရာမှာသေဆုံးပြီး ဝင်းစောကတော့ ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ကျေးရွာ အုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်သူတဦးက “အုပ်ကြီးနဲ့ ရာအိမ်မှူးတို့ နှစ်ယောက် စကားပြောနေတုန်း ဆိုင်ကယ်နဲ့ လာပစ်သွားတာ၊ အုပ်ကြီး ခင်မောင်ဝင်း ပွဲချင်းပြီးသေတယ်။ ရာအိမ်မှူး ဝင်းစောက နောက်ကျောနဲ့ လက်မှာ ဒဏ်ရာရတယ်။ ဝင်းစောလည်း အခြေနေမကောင်းဘူး၊ ဘယ်သူပစ်လဲတော့ မသိရဘူး”လို့  ပြောပါတယ်။

အမည်မသိအဖွဲ့က  သေနတ်နဲ့ လာရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး ဒဏ်ရာပြင်းထန်ခဲ့တဲ့ ရာအိမ်မှူး ဝင်းစောကိုတော့ တောင်သာဆေးရုံကို ပို့ဆောင်ကုသထားပါတယ်။

တောင်သာမြို့နယ်က အရှေ့ချောင်းဆုံကျေးရွာမှာ ပြီးခဲ့တဲ့အောက်တိုဘာလက အုပ်ချုပ်ရေးမှူး ဦးမှတ်တင်ရဲ့နေအိမ်ကို ထောက်ခံစာပြုလုပ်သူနှစ်ဦး ရောက်လာပြီး အုပ်ချုပ်ရေးမှူးအား သေနတ်နဲ့ ပစ်ခတ်ခဲ့ပါသေးတယ်။

7 hours Ago

October 15, 2021

တောင်သာမြို့နယ်တွင် Mytel တာဝါစက်များ ဖျက်ဆီးခံရ

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ရုံးတောကျေးရွာက  စစ်တပ်ပိုင် Mytel ကုမ္ပဏီရဲ့ ဆက်သွယ်ရေး တာဝါတိုက်က စက်တွေ အောက်တိုဘာ ၁၄ ရက် မနက် ၆ နာရီလောက်က မိုင်းခွဲဖျက်ဆီးခံရတယ်လို့  ကျေးရွာနေသူတွေက ပြောပါတယ်။

စက်ပုံးတွေ မိုင်းခွဲခံရတာဖြစ်တာကြောင့် လူထိခိုက်တာမရှိဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဆိုပါဖောက်ခွဲဖျက်ဆီးမှုကိုတောင်သာ TTA ပြောက်ကျားတပ်နဲ့The value of young men ​ပြောက်ကျားတပ်အဖွဲ့တို့ ပူးပေါင်း လုပ်ခဲ့တာဖြစ်တယ်လို့ တောင်သာ TTA ပြောက်ကျားအဖွဲ့က ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံတဝန်းမှာ စစ်အာဏာရှင် ခုခံတွန်းလှန်စစ်စတင်တဲ့ စက်တင်ဘာ ၇ ရက်နေ့ကစပြီး စစ်တပ်နဲ့ စစ်ခေါင်းဆောင်ရဲ့ မိသားစုအကျိုးစီးပွားနဲ့ ဆက်နွှယ်နေတဲ့  Mytel တာဝါတိုင်တွေ ရာနဲ့ချီ ဖောက်ခွဲ မီးရှို့ ဖျက်ဆီးခံခဲ့ရပါတယ်။

11 months Ago
Up