close

တောင်အာဖရိကသမ္မဟောင်း

close

December 16, 2021

တောင်အာဖရိကသမ္မဟောင်းကို တရားရုံးက ထောင်ထဲပြန်ပို့ရန် အမိန့်ချ

တောင်အာဖရိကသမ္မတဟောင်း အသက် ၇၉ နှစ်ရှိ ဇူးမားဟာ အဂတိလိုက်စားမှုအစစ်ဆေးခံဖို့ ပျက်ကွက်မှု၊ တရားရုံးကို မထေမဲ့မြင်ပြုမှုတို့နဲ့ ပြစ်ဒဏ် ၁၅ လကျခံရပြီး စက်တင်ဘာလမှာ ကျန်းမာရေးကြောင့် ပြစ်ဒဏ်မစေ့မီ ပြန်လွတ်လာပေမဲ့ ဂျိုဟန်နစ္စဘတ်မြို့ကတရားရုံးက ထောင်ထဲပြန်ပို့ဖို့ မနေ့က အမိန့်ချလိုက်ပါတယ်။ 

မစ္စတာဇူးမားဟာ သမ္မတသက်တမ်း ကိုးနှစ်အတွင်း အစိုးရငွေနဲ့ သူ့ကိုယ်ပိုင်အိမ်ပြင်ဆင်ခဲ့မှု၊ လာဘ်ငွေယူပြီး သူနဲ့နီးစပ်တဲ့လုပ်ငန်းရှင်တွေကို စီးပွားရေးလုပ်ငန်းချပေးမှု အပါအဝင် အဂတိ လိုက်စားမှု ၁၆ မှုနဲ့ တရားစွဲခံခဲ့ရပါတယ်။ 

လူဖြူလူမည်းခွဲခြားမှု အဆုံးသတ်ရေး တော်လှန်ရေးသူရဲကောင်းတဦးဖြစ်ခဲ့ပေမဲ့ သူအုပ်ချုပ်စဉ်ကာလ တောင်အာဖရိကမှာ စီးပွားရေးကျဆင်းမှု၊ လူတန်းစားမညီမျှမှု၊ လုယက်မှု၊ အကြမ်းဖက်မှု၊ လူ ၃၀၀ ကျော် သေဆုံးမှုတွေ ရှိခဲ့ပါတယ်။ 

သူ့ကို ထောက်ခံသူတွေကတော့ တရားရုံးဆုံးဖြတ်ချက်ကို ကန့်ကွက်ဆန္ဒပြခဲ့ပါတယ်။  

1 min Ago
Up