close

တောင်အာဖရိ ဆရာဝန်

close

November 29, 2021

Omicron ရောဂါလက္ခဏာထူးခြားသော်လည်း မပြင်းထန်ဟု တောင်အာဖရိ ဆရာဝန်ပြော

Omicron ကူးစက်ထားတဲ့ ရောဂါလက္ခဏာတွေက ထူးခြားနေပေမယ့် အရင်မျိုးကွဲတွေလောက် မပြင်းထန်ဘူးလို့ ဒီဗိုင်းရပ်စ်မျိုးကွဲသစ်ကို စတင်တွေ့ရှိခဲ့တဲ့ တောင်အာဖရိနိုင်ငံက ဆရာဝန်က ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ်တွေ့ရှိခဲ့တဲ့ကိစ္စမှာ တောင်အာဖရိကနိုင်ငံရဲ့ မြန်ဆန်တဲ့ တုံ့ပြန်မှုအပေါ် သိပ္ပံပညာရှင်တွေဘက်က ချီးမွန်းကြပေမယ့် လေကြောင်းခရီးတွေ ပိတ်ဆို့မှုဟာ မျှတမှုမရှိဘူး၊ ဗိုင်းရပ်စ်မျိုးကွဲအသစ်ကို ပွင့်လင်းစွာ သတင်းပို့ခဲ့လို့ ဒဏ်ခတ်ခံရတယ်လို့ တောင်အာဖရိကနိုင်ငံဘက်က တုံ့ပြန်ပါတယ်။

အမေရိကန်၊ ကနေဒါ၊ သြစတေးလျ၊ ဂျပန်၊ ပြင်သစ်၊ အိန္ဒိယ၊ ထိုင်း၊ အီရန်၊ ဘရာဇီး နိုင်ငံတွေအပါအဝင် နိုင်ငံအတော်များများက တောင်အာဖရိကနဲ့ အနီးတဝိုက် နိုင်ငံအတော်များများကလာမယ့်  လေယာဉ်စီးခရီးသည်တွေကို သူတို့နိုင်ငံထဲ ဝင်ရောက်ခွင့် ပိတ်ပင်လိုက်ပါတယ်။

Omicron လို့ အမည်ပေးထားတဲ့ ကိုရိုနာဗိုင်းရပ်စ် အမျိုးအစား မျိုးကွဲအသစ်ဟာ အထူး စိုးရိမ်ရတဲ့ မူကွဲအဖြစ် WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုုပ်က  ကြေညာခဲ့တဲ့နောက် နိုင်ငံပေါင်းများစွာမှာ အရေးပေါ် တားမြစ်ကန့်သတ်မှုမျိုးစုံ ထုတ်ပြန်လာခဲ့ကြတာပါ။ 

နိုဝင်ဘာလ ၂၄ ရက်ကစပြီး တောင်အာဖရိကနိုင်ငံမှာ စတင်တွေ့ရှိခဲ့ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာပဲ သြစတေးလျ၊ အင်္ဂလန်၊ ဂျာမဏီ၊ အီတလီ၊ ဘယ်လ်ဂျီယံ၊ ဟောင်ကောင်၊ အစ္စရေး  ဘော့ဆွာနာနိုင်ငံတွေအထိ ကူးစက်ပြန့်နှံ့ပြီးဖြစ်ပါတယ်။

ဒီမျိုးကွဲအကြောင်း ပညာရှင်တွေပိုနားလည်လာဖို့ အချိန်လိုအပ်နေသေးပေမဲ့ ဆေးယဉ်ပါးမှုအဆင့်မြင့်ပြီး ကူးစက်မှုအန္တရာယ်ပိုပြီး မြင့်မားနေတယ်လို့လည်း အတည်ပြုထားပါတယ်။

လက်ရှိကာကွယ်ဆေးတွေဟာ ဒီဗိုင်းရပ်စ်မျိုးကွဲအသစ်အတွက် ထိရောက်မှုမရှိဘူးလို့ UK ကျန်းမာရေးအရာရှိတွေက ထုတ်ပြန်ခဲ့သလို ပီဖိုင်ဇာ၊ မော်ဒါနာ ဆေးကုမ္ပဏီတွေကလည်း သူတို့ကာကွယ်ဆေးတွေကို ဗိုင်းရပ်စ်မူကွဲသစ်အတွက်  ပြင်ဆင်အဆင့်မြှင့်မယ်လို့ ကြေညာခဲ့ပါတယ်။ 

အမေရိကန် သိပ္ပံပညာရှင် ဖက်ဒရေးရှင်းက ပညာရှင်ကတော့ Omicron ဟာ ပုံမှန်ထက် အဆပေါင်း ၅၀၀လောက် ကူးစက်မှုနှုန်း မြန်ဆန်နိုင်တယ်လို့ မှတ်ချက်ပေးထားပါတယ်။ 

ခုချိန်ထိ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲတွေထဲမှာ  Alpha, Beta, Gamma, Delta စတဲ့ အမျိုးအစားတွေက နိုင်ငံတကာမှာ ပြန့်နှံ့ခဲ့ပြီးသားဖြစ်ပြီး အခု  Omicron က ၅ ခုမြောက်ဖြစ်ပါတယ်။

3 mins Ago
Up