close

တောပုကျေးရွာ

close

October 31, 2022

မုံရွာမြို့နယ်တွင် လယ်ထွန်နေသည့် လယ်သမား ၁ ဦးကို ပျူစောထီးအဖွဲ့က ပစ်သတ်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုကျေးရွာက လယ်သမား  တယောက်ကို  အောက်တိုဘာ ၃၀ ရက် ညနေ ၃ နာရီခွဲလောက်က  ပျူစောထီးအဖွဲ့က သေနတ်နဲ့ ပစ်သတ်သွားတယ်လို့  ရွာခံ တဦးက ပြောပါတယ်။

တောပုကျေးရွာအနောက်ပိုင်းနေ ကိုဘိုရှိုင်း (ခ) ကိုကျော်ဇင်ထွန်းကို လယ်ကွင်းအတွင်း ထွန်စက် မောင်းနေတုန်း ပစ်သတ်လိုက်တာလို့ သိရပါတယ်။

ဒေသခံတဦးက “တောပုရွာမြောက်ပိုင်းက ပျူ သုံးယောက်က ကိုဘိုရှိုင်း လယ်ထဲ ထွန်စက်မောင်းနေတုန်း လာပစ်သတ်သွားတာ။ ဘာကြောင့်လဲတော့ မသိဘူး။ ကိုဘိုရှိုင်းက ရွှေဘိုဇာတိ၊ တောပုကျေးရွာသူနဲ့ အိမ်ထောင်ကျပြီး တောပုမှာပဲနေတာပါ”လို့ ပြောပါတယ်။

သေဆုံးသူဟာ သေနတ်နဲ့ ဦးခေါင်းကို တေ့ပစ်ခံရတာဖြစ်ပြီး ဦးခေါင်း ဘယ်ဘက်ကနေ ညာဘက်အထိ ကျည်ဖောက်ဒဏ်ရာနဲ့ နေရာမှာတင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မုံရွာမြို့နယ်ရှိ ပြည်သူ့စစ်အမည်ခံပျူစောထီးအဖွဲ့တွေကို စစ်ကောင်စီတပ်ဖွဲ့က အခြေခံ စစ်သင်တန်းပေးပြီး လက်နက်တပ်ဆင်ပေးထားကာ မြို့နယ်အတွင်း ကင်းပုန်းလုပ်တာနဲ့ စစ်ကြောင်းသွားရာနေရာမှာ ဒေသခံလမ်းပြတွေအဖြစ်   ပူးတွဲလိုက်ပါလေ့ရှိပါတယ်။

3 hours Ago
Up