close

တောမီးငြှိမ်းသတ်ရေး

close

July 21, 2021

တောမီးငြှိမ်းသတ်ရေးအတွက် မိုးရွာစေရန် ရုရှားလေယာဉ်များဖြင့် တိမ်မျိုးစေ့များကြဲ

ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားဒေသက ယာကူတီယာစီရင်စုမှာ အကြီးအကျယ် လောင်ကျွမ်းနေတဲ့ တောမီးတွေကို ငြှိမ်းသတ်ရေး မိုးရွာအောင်လို့ ရုရှားလေယာဉ်တွေက တိမ်မျိုးစေ့တွေကို ကြဲချခဲ့တယ်လို့ အာဏာပိုင်တွေက ဇူလိုင် ၁၉ ရက်မှာ ပြောပါတယ်။

တောမီးတွေက ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံတရုံနားကို အန္တရာယ်ရှိလောက်တဲ့ အထိ နီးနီးကပ်ကပ် ကူးစက်လာခဲ့လို့ ခုလို လုပ်တာပါ။

ရုရှား သစ်တောကာကွယ်ရေးဌာနက တနင်္လာနေ့မှာ ဖြန့်ချိတဲ့ပုံတွေထဲမှာ လုပ်သားတွေဟာ တောမီးကို ငြှိမ်းသတ်ရေး ကူညီဖို့ ဆိုက်ဘေးရီးယား တာအီဂါဒေသအလယ်မှာ လေထီးခုန်နေ ပုံကို ပြထားပါတယ်။

ပြည်ထောင်စု သစ်တောဌာန အကြီးအကဲကလည်း လေနာဒေါက်တိုင်တွေလို့ ခေါ်တဲ့ ထင်ရှားတဲ့ သဘာဝယာကူတီယာဒေသဟာ တောမီးတွေကြောင့် လုံးဝ ပြောင်ရှင်းသွားတော့မယ်လို့ ပြောပါတယ်။

အပူလှိုင်းဖြတ်သန်းနေချိန်မှာ လောင်ကျွမ်းတဲ့ တောမီးတွေေ‌ကြောင့် ယာကူတီယာဒေသက မြေဟက်တာ ၁ ဒသမ ၅ သန်းကျော် လောင်ကျွမ်းခဲ့ပါတယ်။

တနင်္ဂနွေနေ့မှာ အရာရှိတွေက ပြည်သူတွေ အိမ်ထဲနေကြဖို့နဲ့ မီးခိုးတွေကြောင့် ပြတင်းပေါက်တွေကို ပိတ်ထားကြဖို့ ပြောခဲ့ရပါတယ်။

ကမ္ဘာ့အအေးဆုံးမြို့လို့ တချိန်က သိခဲ့တဲ့ မြို့တော် ယာကွတ်စ်ခ်မှာ ခုတော့ မြင်နိုင်စွမ်း ကျဆင်းနေလို့ လေကြောင်းခရီးစဉ်တွေကို ဆိုင်းငံ့ထားရပြီး လေနာမြစ်တွင်း သယ်ယူပို့ဆောင်ရေးလည်း အနှောင့်အယှက် ဖြစ်နေပါတယ်။

17 seconds Ago

September 12, 2020

ကယ်လီဖိုးနီးယား တောမီးငြှိမ်းသတ်ရေး မီးတားလိုင်းများတူး

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ လောင်နေတဲ့ တောမီးတွေကို မီးသတ်သမားတွေက   ဆက်ငြှိမ်းသတ်နေပြိး  ကျန်ရှိနေတဲ့ အိုးအိမ်တွေကို ကာကွယ်ဖို့အတွက် စက်တင်ဘာ ၁၁ ရက်က မီးတားလိုင်းတွေကို တူးနေကြပါတယ်။  ဆီရာလာ အမျိုးသားဥယျာဉ်တွင်းက  ခရိခ်တောမီးကို မီးသတ်သမားတွေ ကြိုးပမ်း ငြှိမ်းသတ်နေရပါတယ်။  ခရိခ်တောမီးကြောင့်  မြေဧကပေါင်း  ၁၇၀,၀၀၀ ကျော် လောင်ကျွမ်းပြီး အခုအခါ တောမီးရဲ့ ၆ ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်တယ်လို့ ကယ်လီဖိုးနီးယားမီးသတ်တပ်ဖွဲ့က ဆိုပါတယ်။  စက်တင်ဘာ ၁၁ ရက်မှာပဲ ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး ဂယ်ဗင်နယူဆမ်က တောမီးသင့်ဒေသတွေကို သွားရောက်ကြည့်ရှုခဲ့ပြီး  စံချိန်တင်လောင်နေတဲ့  တောမီးရာသီကြောင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အငြင်းပွားမှုတွေ အဆုံးသတ်သင့်နေပြီလို့ ပြောဆိုခဲ့ပါတယ်။  ဒါဟာ ရာသီဥတု အရေးပေါ်အခြေအနေ ဖြစ်တယ်လို့  ပြည်နယ်အုပ်ချုပ်ရေးမှူး နယူဆမ်က ပြောပါတယ်။
10 months Ago
Up