close

တောဝက်

close

November 12, 2021

ဖားကန့်မြို့နယ် ရှဒူးဇွပ်ရွာတွင် တောဝက်အပက်ခံသဖြင့် ၁ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ရှဒူးဇွပ်ကျေးရွာမှာ နိုဝင်ဘာ ၁၁   မနက်ပိုင်းက တောဝက်ပက်ခံရတဲ့အတွက် ဒေသခံ အမျိုးသားတယောက်သေဆုံးပြီး နှစ်ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒေသခံ အမျိုးသား သုံးယောက်ဟာ ထောင်ချောက်အတွင်းမိနေတဲ့ တောဝက်ကိုဖြုတ်နေစဉ် ထောင်ချောက်ပျက်ပြီး တောဝက်ပက်တာကြောင့် သေဆုံးဒဏ်ရာရခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။

"ထောင်ချောက်ထဲမိနေတဲ့ တောဝက်ကို ဖြုတ်နေရင်း ထောင်ချောက်ပျက်ပြီး ဝက်က ပြန်ပက်တာ။ နှစ်ယောက်က ထွက်ပြေးနိုင်လို့ ဒဏ်ရာပဲရတယ်။ ဦးမန်ရှန်ရော်ထန့်ကတော့ အသက်ကြီးတော့ မပြေးနိုင်ဘူး။ တောဝက်က အစွယ်နဲ့ ပက်သွားတာ သေသွားတယ်" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အသက် ၆၀ ကျော်အရွယ် သင်းထောက် ဦးမန်ရှန်ရော်ထန့်ဟာ ခြေထောက်နဲ့ ဝမ်းဗိုက်မှာ ဒဏ်ရာပြင်းထန်စွာရရှိပြီး သေဆုံးခဲ့တာလို့ ဆိုပါတယ်။

တောဝက်အပက်ခံရတဲ့အတွက် ကားလမ်းအနီးက သူတွေကို အော်ဟစ်အကူအညီတောင်းခဲ့ရာ စစ်သားတွေ လိုက်လာပြီး တောဝက်ကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

တောဝက်အပက်ခံရတဲ့ ဦးဒေါင်ခေါင်ဟာ ဒဏ်ရာပြင်းထန်လို့ မြစ်ကြီးနားဆေးရုံကို ပို့ဆောင်ခဲ့ပြီး ကျန်တယောက်က  ဒဏ်ရာ မပြင်းထန်တဲ့အတွက် ရှဒူးဇွပ်ကျေးရွာမှာပဲမှာပဲ ဆေးကုသပေးနေပါတယ်။

14 mins Ago

April 18, 2020

အစ္စရေးနိုင်ငံက Lock down ချထားသည့် ဟိုက်ဖာမြို့ကို တောဝက်များ အုပ်လိုက် ဝင်ရောက်

ကိုရိုနာဗိုင်းရပ်စ်ကြောင့် Lock down ချထားတဲ့ မြို့တွေက  လူသူကင်းမဲ့တဲ့ လမ်းတွေဟာ တောရိုင်းတိရစ္ဆာန်တွေကို ဖိတ်ခေါ်နေသလို ဖြစ်နေပါတယ်။    ဧပြီ ၁၆ ရက်က အစ္စရေးနိုင်ငံ ဟိုက်ဖာမြို့ကို တောဝက်တွေ  အုပ်လိုက် ဝင်လာခဲ့ပါတယ်။ အရင်က ညအချိန်မှသာ ထွက်တတ်တဲ့  တောကောင်တွေဟာ အခုဆို နေ့ခင်းကြောင်တောင် ရောက်လာသလို သူတို့ကြောင့် အိမ်မွေးတိရစ္ဆာန်တွေ  လန့်ကုန်ပြီး လမ်းတွေလည်း ပိတ်ဆို့ကုန်ပါတယ်။ ဒီလို မြို့ထဲ တောကောင်တွေ ဝင်လာတာကြောင့် တောင်ပေါ် မြို့လေးရဲ့ ဒေသခံတွေကြားမှာ    တောကောင်တွေနဲ့ ပတ်သက်လို့ မူဝါဒပိုင်း ဆွေးနွေးငြင်းခုံနေကြတယ်လို့ သိရပါတယ်။ အစ္စရေးနိုင်ငံမှာ ဒီနေ့မနက်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ  ၁၂,၀၀၀ ကျော်နဲ့ သေဆုံး သူ ၁၅၁ ယောက် ရှိတယ်လို့ worldometer ဝက်ဘ်ဆိုက်အရ သိရပါတယ်။
2 years Ago
Up