close

တော်လှန်တန်ဆောင်တိုင်

close

November 4, 2022

ကနီမြို့နယ်တွင် တော်လှန်တန်ဆောင်တိုင် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်ပြုလုပ် (ဓာတ်ပုံ)

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်မှာ နယ်မြေမငြိမ်မသက်ဖြစ်နေတဲ့ကြားမှ တော်လှန်ပြည်သူတွေက ဦးဆောင်ပြီး တော်လှန်တန်ဆောင်တိုင်  စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်ကို ဒီနေ့ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ 

“တော်လှန် တန်ဆောင်တိုင်ရောက်ပြီ ပြည်သူ့မဏ္ဍိုင် မယိုင်စေနဲ့၊  ကနီမြို့နယ်သပိတ်စစ်ကြောင်း၊ ၅/ကနန လူထုသပိတ်” စတဲ့ စာသားတွေ ကိုင်ဆောင်ပြီး စစ်အာဏာရှင်စနစ်ကို ဆန္ဒပြခဲ့ကြတာပါ။   

သပိတ်ဦးဆောင်သူတွေက စစ်အာဏာရှင်ဆန်ကျင်ရေး တရားတွေ ဟောပြောခဲ့ကြသလို ခေတ်အဆက်ဆက်နဲ့ မြန်မာ့နွေဦးတော်လှန်ရေးမှာ ကျဆုံးခဲ့တဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေအား အလေးပြုပြီး သွေးသစ္စာသီချင်း သံပြိုင်သီဆိုကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော် ဆန္ဒပြခဲ့ကြပါတယ်။

3 hours Ago
Up