close

တော်လှန်ရေးနေ့အခမ်းအနား

close

November 21, 2021

မက္ကဆီကိုနိုင်ငံ၏ ၁၁၁ ကြိမ်မြောက် တော်လှန်ရေးနေ့အခမ်းအနားကျင်းပ

နိုဝင်ဘာ ၂၀ ရက်နေ့ ကျရောက်တဲ့ မက္ကဆီကိုနိုင်ငံရဲ့ တော်လှန်ရေးနေ့ အခမ်းအနားကို မက္ကဆီကို စီးတီးမှာရှိတဲ့ Zocalo ရင်ပြင်မှာ ကျင်းပပါတယ်။ 

၁၁၁ ကြိမ်မြောက် တော်လှန်ရေးနေ့အခမ်းအနားကို လူထောင်ချီစုရုံးခဲ့ကြသလို မက္ကဆီကို သမ္မတ Andres Manuel Lopez Obrador ကလည်း ပြည်သူလူထု၊ တပ်မတော်နဲ့အတူ တက်ရောက်ပါတယ်။ 

ပီရူး၊ အာဂျင်တီးနား၊ အီတလီ၊ အီကွေဒေါ၊ ဂွာတီမာလာနဲ့ ဒိုမီနီကန် ရီပက်ပလစ်နိုင်ငံက ကိုယ်စားလှယ်တွေကိုလည်း  အခမ်းအနားမှာ တွေ့ပါတယ်။ 

နိုဝင်ဘာ ၂၀ ရက်ဟာ ၁၉၁၀ ကနေ ၁၉၁၇ ခုနှစ်အထိ မက္ကဆီကိုတော်လှန်ရေး စတင်တဲ့နေ့ ဖြစ်ပါတယ်။ 

Porfirio Diaz အစိုးကို ဖြုတ်ချဖို့ ပြည်သူတွေက လက်နက်စွဲကိုင် တော်လှန်တဲ့နေ့ ဖြစ်ပါတယ်။ မက္ကဆီကို တော်လှန်ရေးနေ့ဟာ မက္ကဆီကို နိုင်ငံရဲ့ တရားဝင် ရုံးပိတ်ရက်လည်း ဖြစ်ပါတယ်။

2 mins Ago
Up