close

တဲစုရွာ

close

September 12, 2022

ဝမ်းတွင်းမြို့နယ် တဲစုရွာတွင် အမျိုးသားတဦး ပစ်သတ်ခံရ

မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ်၊ တဲစုရွာက ပျူစောထီးတယောက်ကို ဒီနေ့ စက်တင်ဘာ ၁၂ ရက်မနက်က ရှင်းလင်းခဲ့တယ်လို့ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့က ဆိုပါတယ်။

ဒေသခံတယောက်က “ဟုတ်ပါတယ်။ ဒီနေ့မနက်ပဲ  လယ်ကွင်းထဲမှာ ပစ်သတ်ခံရတာပါ။ တဲစုရွာက ဦးမင်းဌေး ခေါင်းကိုကျည်ထိပြီး နေရာတင် သေဆုံးသွားတာ သိရတယ်” လို့ ပြောပါတယ်။

ဝမ်းတွင်းမြို့နယ် တော်လှန်ရေးအင်အားစု Wundwin Township Revolution Force-WTRF)ကတော့ ပျူသင်တန်းဆင်းထားသူ တဲစုရွာက ပျူအကြီးစား မင်းဌေးဟာ စကစ နဲ့ ပေါင်းပြီး  ပြည်သူတွေကိုဒုက္ခမျိုးစုံပေးနေတာကြောင့် မနက် ၉ နာရီလောက်မှာ သုတ်သင် ရှင်းလင်းခဲ့တယ် လို့ လူမှုကွန်ရက်မှာ ထုတ်ပြန်ထားပါတယ်။

2 mins Ago

June 17, 2021

ခင်ဦးမြို့နယ်၊ တဲစုရွာကို စစ်တပ်က ဝင်ရောက်ပြီး ပြည်သူပိုင် ရွှေငွေပစ္စည်းများ ယူသွား

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ အင်တိုင်းကြီးကျေးရွာအုပ်စု၊ တဲစုကျေးရွာကို ဇွန်လ ၁၇ ရက် နေ့ခင်း ၂ နာရီလောက်မှ  အကြမ်းဖက်စစ်ကောင်စီတပ်တွေ ဝင်ရောက်ပြီး ပြည်သူတွေပိုင်တဲ့ ရွှေငွေနဲ့ ပစ္စည်းတွေယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“စစ်တပ်က ရွာက အရက်သမားတစ်ယောက်ကို ခေါ်လာပြီး  စာရင်းပြပြီးလိုက်ပို့ခိုင်းတယ်။ လမ်းဘေးအကြော်ဆိုင်က အကြော်ရောင်းရငွေ ကျပ် နှစ်သောင်းကျော်ကိုလည်း ယူသွားတယ်။ ကိုကျော်နိုင်ဦး (ဂဟေဆိုင်)ဝင်ပြီး အိမ်ရှိပစ္စည်း သယ်လိုရတာမှန်သမျှ အကုန်သယ်သွားပြီး သယ်လို့မရတဲ့ပစ္စည်းတွေဖျက်ဆီးခဲ့တယ်။ လယ်ကြားမှာရပ်ထားတဲ့ (ကြံ့ခိုင်ရေးပါတီ အမာခံထောက်ခံသူ) ဒေါ်မြအေးရဲ့ ဆိုင်ကယ်ပုံးထဲက ရွှေ ၆ ကျပ်သားကျော်ကိုလည်း ယူသွားကြတယ်”လို့  တဲစုရွာသားတစ်ဦးက ပြောပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ တဲစုရွာအတွင်း ၂ နာရီလောက် မွှေနှောက်သွားကြပြီး ညနေ၄ နာရီလောက်မှာ ခင်ဦးမြို့ကို ပြန်သွားတယ်လို့ သိရပါတယ်။

1 year Ago
Up