close

တဲလက်စ်

close

January 18, 2023

ကျောနံပါတ် ၂၇ ဝတ်ဆင်ရန် တဲလက်စ်ဆီ ခွင့်တောင်းခဲ့ဟု မန်ယူတိုက်စစ်မှူးသစ် ဗက်ဟော့စ် ပြော

မန်ယူအသင်းမှာ ကျောနံပါတ် ၂၇ ဝတ်ဆင်ဖို့အတွက် နောက်ခံလူ တဲလက်စ်ဆီ ခွင့်တောင်းခဲ့ကြောင်း တိုက်စစ်မှူး ဗက်ဟော့စ်က ပြောပါတယ်။

နောက်ခံလူ တဲလက်စ်ဟာ ဆီဗီလာအသင်းဆီကို အငှားထွက်ကစားနေတာဖြစ်ပြီး မန်ယူမှာ ကစားစဉ်က ကျောနံပါတ် ၂၇ ၀တ်ဆင်ကစားခဲ့သူပါ။

ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ခဲ့ပြီးနောက် ကျောနံပါတ်ယူဖို့ စဉ်းစားရာမှာ ၂၇ ကို ဝတ်ဆင်ဖို့ ဆုံးဖြတ်ခဲ့ကြောင်း ၂ နဲ့ ၇ ပေါင်းရင် ၉ ရတာကြောင့် တိုက်စစ်မှူးနံပါတ်ဖြစ်လာတယ်လို့ ဗက်ဟော့စ်က ပြောပါတယ်။

“ပထမဆုံးအနေနဲ့ တဲလက်စ်ကို အရင်ခွင့်တောင်းပြီး အဆင်ပြေမှ အသင်းဆီကို ပြောခဲ့တာပါ။ ဝတ်ဆင်ခွင့်ပေးတဲ့ တဲလက်စ်နဲ့ အသင်းကို ကျေးဇူးတင်ပါတယ်။ ကျောနံပါတ် ၂၇ က ကျနော့်အတွက် ကောင်းမွန်တဲ့ခံစားမှု ရှိတာကြောင့်လည်း ဖြစ်တယ်”လို့ ဗက်ဟော့စ်က ပြောပါတယ်။

အသက် ၃၀ နှစ်ရှိ ဟော်လန်တိုက်စစ်မှူးကို ရာသီကုန်ဆုံးချိန်အထိပဲ စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး အပြီးသတ်ခေါ်ယူခွင့် မပါဝင်ဘူးလို့ သိရပါတယ်။

2 mins Ago

December 4, 2022

ဘရာဇီးတိုက်စစ်မှူး ဂျေဆူနှင့် နောက်ခံလူ တဲလက်စ်တို့ လက်ကျန်ပွဲစဉ်များ လွဲချော်

ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဘရာဇီးအသင်းရဲ့ တိုက်စစ်မှူး ဂျေဆူနဲ့ နောက်ခံလူ တဲလက်စ်တို့ဟာ ဒဏ်ရာအခြေအနေတွေကြောင့် အသင်းရဲ့ လက်ကျန်ပွဲစဉ်အားလုံးကို လွဲချော်တော့မှာပါ။

အဲဒီကစားသမားနှစ်ဦးဟာ ကင်မရွန်းကို ၁ ဂိုး ဂိုးမရှိနဲ့ရှုံးနိမ့်ခဲ့တဲ့ အုပ်စုနောက်ဆုံးပွဲစဉ်မှာ ဒူးဒဏ်ရာအသီးသီးရရှိခဲ့ကြတာပါ။

တနင်္လာနေ့က ဒဏ်ရာအခြေအနေကို စစ်ဆေးခဲ့ပြီးနောက် လက်ကျန်ပွဲစဉ်တွေအမီ ပြန်လည်ကောင်းမွန်လာဖို့ မဖြစ်နိုင်တော့ကြောင်း ဘရာဇီးအက်ဖ်အေက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဘရာဇီးအသင်းမှာ အဓိက တိုက်စစ်မှူး နေမာလည်း ဒဏ်ရာရနေသလို ဘယ်ညာအစွန်တွေက နောက်ခံလူတွေဖြစ်တဲ့ ဒယ်နီလိုနဲ့ ဆန်ဒရိုတို့ဟာလည်း ဒဏ်ရာအသီးသီးရရှိနေပါတယ်။ 

2 months Ago
Up