close

တံငါမြောက်ရွာ

close

October 20, 2022

မတ္တရာမြို့နယ် တံငါမြောက်ရွာ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊  တံငါမြောက်ကျေးရွာ အုပ်ချုပ်ရေးမှူးဟာ  မန္တလေး မိုးကုတ်ကားလမ်းမှာ အောက်တိုဘာ ၁၇ ရက်က  သေနတ်နဲ့ ပစ်ခတ်ခံလိုက်ရပါတယ်။

အသက် ၄၃ နှစ်အရွယ် တံငါမြောက်ရွာ အုပ်ချုပ်ရေးမှူး ဦးအောင်မင်းထွန်းဟာ ဆိုင်ကယ်စီးနေချိန် အမည်မသိ ဆိုင်ကယ်စီးသမား  ၂ ယောက်က  သေနတ်နဲ့ လာပစ်သွားတာဖြစ်တယ်လို့ ဒေသခံ တယောက်က ပြောပါတယ်။

သေနတ်နဲ့ ပစ်ခံရတဲ့အတွက် လည်ပင်းဖောက်ဝင်ဒဏ်ရာ ၂ ချက်ရရှိခဲ့ပြီး စိုးရိမ်ရတဲ့အတွက် မတ္တရာဆေးရုံကနေ မန္တလေးဆေးရုံကြီးသို့ပြောင်းရွေ့ကုသရာ သေဆုံးခဲ့တယ်လို့ မတ္တရာဒေသခံ တဦးက ပြောပါတယ်။

တံငါမြောက်ရွာ အုပ်ချုပ်ရေးမှူးကို ပြင်ဦးလွင်ခရိုင် ပကဖ ကောင်းကင် တော်လှန်ရေး အင်အားစု က ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တံငါမြောက်ရွာ အုပ်ချုပ်ရေးမှူးဟာ ပြည်သူကို နှိပ်စက်တဲ့ နေရာမှာ နာမည်ကြီးပြီး ရွာထဲမှာ သူနဲ့မတည့်သူဆိုရင် PDF နဲ့ဆက်သွယ်တယ်ဆိုကာ ဖမ်းဆီးတာတွေရှိတယ်လို့ ပြင်ဦးလွင်ခရိုင် ပကဖ ကောင်းကင် တော်လှန်ရေး အင်အားစု က ထုတ်ပြန်ပါတယ်။

အုပ်ချုပ်ရေးမှူး ဦးအောင်မင်းထွန်းဟာ ပြည်သူတွေကိုဖမ်းဆီးပြီး မျက်နှာကို တိပ်ကပ် ရိုက်စစ်လေ့ရှိကာ ပြန်လွှတ်ရင် ငွေတောင်းတဲ့အပြင် မတ္တရာမြို့နယ် အတွင်မှာလည်း အကြီးဆုံး လောင်းကစား ဂျင်ဝိုင်း၊ ဖဲဝိုင်းတွေကို စစ်ကောင်စီရဲတွေနဲ့  ပေါင်းပြီးဖွင့်လှစ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

1 hour Ago
Up