close

တံဆိပ်ရိုက်လုပ်ငန်းရှင်များအသင်း

close

February 21, 2022

မုံရွာမြို့တွင် တံဆိပ်ရိုက်လုပ်ငန်းလုပ်ကိုင်သည့်မိသားစု ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဖေဖော်ဝါရီ ၂၁ ရက်မနက်က   ခိုင်သဇင်တံဆိပ်ရိုက်လုပ်ငန်း လုပ်ကိုင်တဲ့ မိသားစုတွေကို စစ်ကောင်စီတပ်တွေ လာရောက်ဖမ်းဆီးသွားပါတယ်။ 

"မနက် ၁၁ နာရီလောက် စစ်ကောင်စီတပ်တွေက ကား နှစ်စီးနဲ့ လာရောက်ရှာဖွေခဲ့တယ်။ မုံရွာ မြို့လယ်ရပ်ကွက်ရှိတဲ့နေအိမ်မှာ ဖမ်းသွားတယ်”လို့ အနီးနားပတ်ဝန်းကျင်ဒေသခံ တစ်ဦးက ပြောပါတယ်။

နေအိမ်ကနေ  MMU-PDF တီရှပ်အင်္ကျီ (၃၀) ပါ  အထုတ် ၄ ထုတ်၊ တာဝန်တံဆိပ် လက်ပတ်အနီ အခု ၂၀ ၊ PDF တံဆိပ်ပါအလံအနီ အခု ၇၀ ၊ တီရှပ်အင်္ကျီအနက်  အထည် ၅၀ ပါ ၄ ထုတ်၊ တီရှပ်အင်္ကျီအနီ အထည် ၃၀၀ ထည်ပါ ၁ ထုတ်၊ တံဆိပ်ရိုက်အပူပေးစက် ၁ လုံး၊ PDF တံဆိပ်ရိုက်ခွက် ၃ ခု၊ တံဆိပ်ရိုက်ခွင် ၁၂ ခု နဲ့  NLD တံဆိပ်ပါ MASK အခု ၁၀၀ တို့  ကို စစ်ကောင်စီဘက်က သက်သေအဖြစ် ဖော်ပြခဲ့ပါတယ်။

42 seconds Ago
Up