close

တံတားကျိုး

close

October 3, 2022

တာ့ခ်ခရိုင် အုန်းဖန်တွင် မိုးသည်းထန်ပြီး တောင်ပြို၊ တံတားကျိုးကျ

နိုရူး အမည်ရှိ မုန်တိုင်း ထိုင်းနိုင်ငံမြောက်ပိုင်းကို ရောက်ရှိလာပြီး တိုက်ခတ်မှုနှုန်း အားပျော့သွားပေမယ့်လည်း မိုးအဆက်မပြတ်ရွာသွန်းလို့  ရေကြီးတာ၊ တံတားပျက်၊ လမ်းပျက်တာတွေ ရှိနေပါတယ်။ 

တာ့ခ်ခရိုင်မှာ မိုးသည်းထန်မှုကြောင့် ဒီကနေ့ အောက်တိုဘာ ၃ ရက် မနက်မှာ ဖုပ်ဖရနဲ့ အုန်းဖန်သွား ကားလမ်းတနေရာမှာ မြေပြိုပြီး ကားလမ်းပိတ်ဆို့မှုတွေ ဖြစ်နေပါတယ်။ 

အဆိုပါ ကားလမ်းဟာ ဖုပ်ဖရမြို့နယ် ဆရီရတ်ဆဒွန်းအုပ်စု အုန်းပြိန့်ကျေးရွာအနီးမှာရှိပြီး မြို့နယ် ၂ ခု ဆက်သွယ်ရေး အဓိကလမ်းကြောင်းဖြစ်တာကြောင့် လမ်းအမြန်ပြန်ပွင့်နိုင်ဖို့ အမှတ် ၂ လမ်းတံတားအင်ဂျင်နီယာဌာနက အဆောတလျင် ပြင်ဆင်နေတယ်လို့ AEC အာဆီယံထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ဒါ့အပြင် တာ့ခ်ခရိုင် အုန်းဖန်မြို့နယ်ရှိ မဲ့ကလောင်းချောင်းကူးတံတားဟာလည်း ဒီကနေ့မှာပဲ ကျိုးကျပျက်စီးသွားတယ်လို့ မဲဆောက်မီဒီယာသတင်းမှာ ဖော်ပြပါတယ်။ 

အဆိုပါတံတားဟာ မိုးကွန်းကျေးရွာအုပ်စု ပလောဖာဒိုရွာထဲက တံတားဖြစ်ပြီး အမြန်ဆုံး ပြန်လည်ပြုပြင်ဖို့ အုန်းဖန်မြို့နယ်မှူးက တာဝန်ရှိသူတွေကို အကြောင်းကြားထားတယ်လို့ ဆိုပါတယ်။

2 mins Ago
Up