close

တံတားဦးမြို့နယ်

close

February 12, 2022

တံတားဦးမြို့နယ်၌ ရဲတပ်ဖွဲ့ဝင်များ သေနတ်ပစ်ခံရပြီး ၃ ဦးသေ၊ ၂ ဦးဒဏ်ရာရ

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်၊ တံတားဦး-မြို့သာ သွားကားလမ်းပေါ်ရှိ သာယာဦးမြို့အဝင် ဘီးခွန်စစ်ဆေးရေးဂိတ်အနီးမှာ ဖေဖော်ဝါရီ ၁၁  ရက် မနက်ပိုင်းက လုံခြုံရေးကျ ရဲတပ်ဖွဲ့ဝင်တွေ သေနတ်နဲ့ ပစ်ခံခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ပစ်ခတ်ခံရတဲ့ ရဲတပ်ဖွဲ့ဝင် ၅ ယောက်ထဲမှာ ၃ ယောက်က သေဆုံးသွားကာ  ၂ ယောက် ကတော့ အသက်အန္တရာယ်စိုးရိမ်ရတဲ့ ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ တံတားဦးမြို့ခံတစ်ဦးက ပြောပါတယ်။

“သေနတ်နဲ့ အချက် နှစ်ဆယ်လောက်ပစ်သွားတာ။ ရဲတွေက တံတားဦးရဲစခန်းက ရဲတွေ။ သုံးဦးသေသွားတယ်။ နှစ်ဦး ဒဏ်ရာရတယ်။ ဒဏ်ရာရသူတွေကလည်း အသက်အန္တရာယ်ရှိတယ်လို့ ကြားတယ်။”

သေနတ်နဲ့ ပစ်ခံရတဲ့အတွက် ဒုတပ်ကြပ်မြင့်ဇော်နဲ့ ရဲတပ်သား ၂ ယောက် ကျည်ထိမှန်ဒဏ်ရာတွေနဲ့ နေရာမှာပင် သေဆုံးခဲ့ပါတယ်။

တပ်ကြပ်တင်မြင့်ဝင်းကတော့ ညာဘက်လက်ကျည်ဆန် ထိမှန်ဒဏ်ရာတစ်ချက်၊ တပ်သားသန်းရွှေက  ညာဘက်လက်ကျည် ထိမှန်ဒဏ်ရာတစ်ချက်ရရှိခဲ့တယ်လို့ သိရပါတယ်။ 

အဆိုပါ ပစ်ခတ်မှုဟာ ဘယ်အဖွဲ့လက်ချက်လဲဆိုတာ မသိရသေးသလို စစ်ကောင်စီဘက်ကလည်း သတင်းမထုတ်သေးပါဘူး။

4 mins Ago

October 1, 2021

တံတားဦးမြို့နယ်တွင် မိုင်တဲလ်တာဝါတိုင် မိုင်းခွဲခံရ

မန္တလေးတိုင်း တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာ အနီးရှိ စစ်ကောင်စီထောက်တိုင် ဖြစ်တဲ့ မိုင်တဲလ်တာဝါတိုင်တစ်ခု အောက်တိုဘာလ ၁ ရက် မွန်းတည့် ၁၂ နာရီလောက်က မိုင်းခွဲဖျက်ဆီးခံလိုက်ရပါတယ်။

တာဝါတိုင်ကို နှစ်ဆင့်ကာထားတဲ့ ဝါးထရံ၊ သံဇကာတွေကို မီးရှို့ဖျက်ဆီးပြီး စက်ပုံးတွေကို မိုင်းခွဲဖျက်ဆီးခဲ့လာလို့ တံတားဦးပြည်သူ့ကာကွယ်ရေး (TPDF) က ထုတ်ပြန်ထားပါတယ်။

တံတားဦး ပြည်သူ့ကာကွယ်ရေးတပ် (TPDF) ဟာ ပြည်သူတွေအတွက် ရရာလက်နက် ဆွဲကိုင်ပြီး စစ်အာဏာရှင်စနစ်ဆိုးပျက်သုဉ်းသွားတဲ့ထိ တိုက်ပွဲဝင်သွားမယ်လို့ တာဝန်ရှိသူ တစ်ဦးက ဆိုပါတယ်။

မိုင်တဲလ်တာဝါတိုင် မိုင်းခွဲဖျက်ဆီးခံရပြီး မကြာခင်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက် လက်နက်ကိုင်တွေ ရောက်လာပြီး စစ်ဆေးသွားတယ်လို့ သိရပါတယ်။

4 months Ago
Up