close

တံတား ၂ စင်း ပျက်စီး

close

July 16, 2021

မိတ္ထီလာမြို့နယ်၌ မိုးသည်းထန် ချောင်းရေကျပြီး တံတား ၂ စင်း ပျက်စီး

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်မှာ မိုးများပြီး ချောင်းရေစီးသန်လို့  ဇူလိုင်  ၁၆ ရက်ညနေမှာ ဆင်စလွယ်ရွာနဲ့ မွေရွာကို ဆက်သွယ်ထားတဲ့ ကိုယ်ထူကိုယ်ထ ကွန်ကရစ်တံတား တစ်စင်းကျိုးကျသွားပါတယ်။

ဒါ့အပြင် နတ်စင်ချောင်းတံတားဟာလည်း  ကျိုးကျပြီး တစ်ပေလောက် အောက်နိမ့်ကျသွားတဲ့အတွက် ခရီးသွားပြည်သူတွေ သွားလာရေး အခက်ကြုံနေရတယ်လို့ ဒေသခံတောင်သူတစ်ဦးက ပြောပါတယ်။

"တံတားကျိုးတော့ သွားလာရေး အခက်အခဲရှိတာပေါ့။ မနေ့ညက မြို့ပေါ်မှာ မိုးဖွဲဖွဲပဲကျတယ်။ ရွာတွေဘက်မှာတော့ ညက တညလုံးနီပါးရွာတာ မိုးရေတွေက ရေသွန်ချသလို ရွာလိုက်တယ်။ တံတားတွေက သဲချောင်းတွေပေါ်မှာ ဆောက်ထားတာ ရေစီးသန်လိုက်တော့  ကျိုးတဲ့တံတားက ကျိုးပြီး အောက်နိမ့်သွားတဲ့ တံတားက တစ်ပေလောက် နိမ့်သွားတယ်"လို့ ပြောပါတယ်။

ဆင်စလွယ်ရွာနဲ့ မွေရွာကို ဆက်သွယ်ထားတဲ့ အရှည်ပေ ၁၈၀ ကျော် အကျယ် ၁၅ ပေရှိ မိတ္ထီလာကန်ရေဝင်သဲချောင်းတံတားဟာ ၂၀၁၀ ပြည့်နှစ်က  ရွှေအိမ်စည်ပွဲရုံလုပ်ငန်းက ကိုယ်ထူကိုယ်ထ ကွန်ကရစ်တံတားအဖြစ် လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

ချမ်းအေးသာယာရပ်ကွက်နဲ့  ဂဠုန်ကုန်းအုပ်စုခါးကော့ရွာအား ဆက်သွယ်ထားတဲ့ နတ်စင်ချောင်းတံတားကတော့  အရှည်ပေ ၈၀ ခန့် အကျယ်ပေ ၁၅ ပေရှိပါတယ်။

12 hours Ago
Up