ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် နောင်နန်းကျေးရွာအုပ်စု၊ လမြန်ကျေးရွာမှာ မေ ၈ ရက် နေ့လယ်ပိုင်းက နေအိမ်မှာ ရေတွင်းတူးနေစဉ် တွင်းထဲကို ပြုတ်ကျပြီး သားအဖနှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သုံးလက်စရေတွင်းကို ပြန်တူးဖော်ရာက သားဖြစ်သူ ရေတွင်းထဲ ပြုတ်ကျစဉ် ဖခင်ဖြစ်သူက ဆင်းဆယ်ရာမှာ တွင်းထဲ ပြုတ်ကျပြီး သားအဖ နှစ်ဦးလုံး အောင်ဆီဂျင်ပြတ် သေဆုံး သွားတာလို့ သိရပါတယ်။
ဒေသခံ တဦးက "ရေတွင်းက အိမ်သုံးရေတွင်း။ ရေခန်းလို့ သားအဖနှစ်ဦး တူးနေတာ။ သားက တွင်းထဲ ကြိုးနဲ့ အရင်ဆင်းတယ်။ ကြိုးပြတ်သွားပြီး ရေတွင်းထဲကျတဲ့ သားကို ဆင်းကယ်ရာကနေ ဖခင်ပါ တွင်းထဲပြုတ်ကျပြီး နှစ်ယောက်စလုံး အောက်ဆီဂျင်ပြတ် သေတာ" လို့ ပြောပါတယ်။ သားအဖနှစ်ဦး ရေတွင်းထဲ ပြုတ်ကျစဉ် မိသားစုနဲ့ အနီးနားဝန်းကျင်က လူမှုကူညီရေးအသင်း တွေကို ဖုန်းဆက်အကြောင်းကြားခဲ့ပြီး လူမှုကူညီရေးအသင်းအဖွဲ့တွေ လာရောက် ကယ်ဆယ်ချိန်မှာ သားအဖ နှစ်ဦးစလုံး သေဆုံးနေကြတာပါ။
ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ အမျိုးသား တဦးက "လူမှုကယ်ဆယ်ရေးအဖွဲ့က ရောက်လာချိန် သားအဖနှစ်ဦး အသက် မရှိတော့ဘူး။ ကယ်ဆယ်ရေးအဖွဲ့က ပတ်ဝန်းကျင်က သူတွေနဲ့ အလောင်း သယ်ထုတ်ခဲ့ရတယ်”လို့ ပြောပါတယ်။
မြစ်ကြီးနားမြို့နယ် နောင်နန်းကျေးရွာအုပ်စု၊ လမြန်ကျေးရွာဟာ ၂၀၁၄ သန်းခေါင်စာရင်းအရ ကျား ၃၆၆၉ ဦး၊ မ ၄၂၆၁ဦး နေထိုင်တဲ့ ကျေးရွာတစ်ခု ဖြစ်ပါတယ်။
စပိန်နိုင်ငံက တောခေါင်းတွေဟာ ၁၅ မီတာ နက်တဲ့တွင်းထဲပြုတ်ကျသွားတဲ့ ဝက်ဝံမနဲ့ သူ့သားပေါက်လေးတို့ကို သူတို့ သားရဲတွင်းရဲ့ အနက်ပိုင်းထဲမှာ အသက်ရှင်လျက် ပြန်ရှာဖွေတွေ့ခဲ့ပါတယ်။
ဝက်ဝံထီးတကောင်က သူ့ကို တိုက်ခိုက်လို့ ချောက်ကမ်းပါးပေါ်ကနေ ပြုတ်ကျခဲ့အပြီး ဝက်ဝံထီးကတော့ သေဆုံးခဲ့တာပါ။
ဇွန် ၆ ရက်က တောင်ကမ်းပါးအစွန်းမှာ ဝက်ဝံမကြီးတစ်ကောင်နဲ့ ပိုကြီးတဲ့ ဝက်ဝံထီးတို့ တိုက်ခိုက်ရန်ဖြစ်ကြရာမှာ နှစ်ကောင်စလုံး အမြင့်ကြီးကနေ ကျောက်ဆောင်တွေပေါ်ကို ပြုတ်ကျခဲ့တာကို ရုပ်သံမှတ်တမ်းတွေက ပြထားပါတယ်။
ဝက်ဝံထီးဟာ တောင်စောင်းတလျှောက် အဝေးကြီးကို လိမ့်ဆင်းသွားအပြီး မလှုပ်တော့ဘဲ ရှိနေခဲ့ပါတယ်။ လန့်ဖျပ်သွားတဲ့ ဝက်ဝံအမကတော့ သူ ပြုတ်ကျတဲ့ နေရာကနေ အဝေးကို ထွက်သွားခဲ့တာပါ။
ပါလန်စီယာနားက ကတ်စ်တီလေ မြောက်ပိုင်းနဲ့ လီယွန် တောင်တွေဘက်မှာ ၂ ရက်ကြာ ရှာအပြီး ဥယျာဉ်စောင့် တောခေါင်းတွေဟာ ဝက်ဝံမကြီးရှိတဲ့ ၁၅ မီတာ နက်တဲ့ သားရဲတွင်းကို ရှာတွေ့ခဲ့ တယ်လို့ သဘာဝပတ်ဝန်းကျင်ဝန်ဆောင်မှုဌာနက ဇွန် ၈ ရက်မှာ သူတို့ရဲ့ ၀က်ဘ်ဆိုက်ပေါ်ကနေ ပြောခဲ့ပါတယ်။
အထူးကင်မရာနဲ့ တယ်လီစကုပ်ချိတ်တွေကို သုံးပြီး ဝက်ဝံသားအမိတွေအတွက် သစ်သီးတွေနဲ့ ရေတွေကို တွင်းထဲသို့ ချထားပေးခဲ့တယ်လို့ အင်တာနက် စာမျက်နှာက ပြောပါတယ်။
မိတ်လိုက်ရာသီမှာ ဝက်ဝံအထီးတွေက သားပေါက်တွေနဲ့ ဝက်ဝံအမတွေကို တိုက်ခိုက်တာ အဆန်းမဟုတ်ဘူးလို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။