close

တွင်းပိ

close

June 17, 2021

မိုးကုတ်မြို့နယ်တွင် တွင်းပိပြီး လူ ၁ ဦး သေဆုံး

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ ပိန်းပြစ်ရွာက မန်ဆင်လုပ်ကွက်မှာ ဇွန်လ ၁၆ ရက်နေ့က တွင်းပိပြီး အသက် ၂၅ နှစ်ဝန်းကျင် လူငယ်တစ်ဦး သေဆုံးခဲ့တယ်လို့ ​လူမှုကူညီရေးအသင်းက သိရပါတယ်။

မန်ဆင်လုပ်ကွက်က မိုးကုတ်မြို့နဲ့ ငါးမိုင်ကျော်ဝေးပြီး သေဆုံးသူရဲ့လုပ်ဖော်ကိုင်ဖက်တွေက လူမှုကူညီရေးအသင်းကို ဆက်သွယ်ကာ အလောင်းလာပို့တယ်လို့ဆိုပါတယ်။ ပြုတ်ကျတဲ့ တွင်းအနက်နဲ့ သေဆုံးမှုဖြစ်စဉ်ကိုတော့ မသိရဘူးလို့လည်း ဆိုပါတယ်။

လတ်တလော သေဆုံးသူရဲ့အလောင်းကို မိုးကုတ်မြို့ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားပါတယ်။

3 mins Ago
Up