close

တွင်းသစ်

close

April 23, 2022

မာရီယူပိုမြို့၌ အလောင်းများမြှုပ်ထားသည့်တွင်းသစ် ဓာတ်ပုံများ အမေရိကန်ဂြိုဟ်တုကုမ္ပဏီ ထုတ်ပြန်

ယူကရိန်းနိုင်ငံ မာရီယူပိုမြို့ အရှေ့ပိုင်းမှာ လူသေအလောင်းတွေကို မြှုပ်နှံထားပုံရတဲ့ တွင်းသစ်တွေရဲ့ ဓာတ်ပုံတွေကို အမေရိကန်ပြည်ထောင်စု ကော်လိုရာဒိုအခြေစိုက် Maxar ဂြိုလ်တုနည်းပညာ ကုမ္ပဏီက  ဧပြီ ၂၂ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ 

ဒီပုံတွေကို မတ် ၂၉ ရက်တုန်းက ဂြိုဟ်တုကနေ ရိုက်ကူးထားတာတယ်လို့ ဆိုပါတယ်။

ဒီနေရာဟာ မာရီယူပို မြို့ကနေ ၁၂ ကီလိုမီတာ အကွာမှာ ရှိတဲ့ ကျေးရွာတရွာရဲ့ အပြင်ဘက်မှာပါ။

မာရီယူပိုမြို့မှာ ယူကရိန်းအစိုးရတပ်တွေကတဘက် ရုရှားနဲ့ ရုရှားလိုလားတဲ့ ခွဲထွက်ရေးတပ်တွေ က တဖက် ရက်ရှည်တိုက်ပွဲ ဖြစ်ပွားနေတာပါ။ 

ယူကရိန်းအစိုးရကတော့ နှစ်လနီးပါးအကြာ မာရီယူပိုမြို့တိုက်ပွဲမှာ ရုရှားရဲ့ အမြောက်ဆန်ကြောင့် လူထောင်ချီ သေဆုံးပြီး နောက်ထပ် လူတသိန်းနှစ်သောင်းလောက် မြို့ထဲ ပိတ်မိနေတယ်လို့ ပြောနေပေမဲ့ ရုရှားဘက်ကလည်း အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာ မရှိဘူးလို့ ငြင်းဆိုထားပါတယ်။

51 seconds Ago
Up