close

တွစ်တာအကောင့်

close

December 17, 2022

အီလွန်မက်စ်အကြောင်း သတင်းရေးသူများ တွစ်တာအကောင့် ပိတ်ခံရ

တွစ်တာလူမှုကွန်ရက်ဟာ သူ့ရဲ့ပိုင်ရှင်အသစ် အီလွန်မက်စ်အကြောင်း မကြာသေးခင်က သတင်းရေးသားခဲ့တဲ့ နာမည်ကြီး သတင်းထောက်တွေရဲ့ တွစ်တာအကောင့် အတော်များများကို ဒီဇင်ဘာ ၁၅ ရက်က ပိတ်ပင်ဆိုင်းငံ့ခဲ့ပါတယ်။ 

ဘီလီယံနာသူဌေးကြီး မတ်စ်ခ်က သတင်းထောက်တွေအပါအဝင် အားလုံးနဲ့ သက်ဆိုင်တဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေ ထုတ်ပြန်မှုအပေါ် တားမြစ်ပိတ်ပင်တဲ့ စည်းမျဉ်းတွေကို တွစ်တာမှာ ရေးသားခဲ့ပါတယ်။ 

သူ့ကိုယ်သူ လွတ်လပ်စွာ ပြောဆိုခွင့် အပြည့်အ၀ရှိသူအဖြစ် ပုံဖော်ထားတဲ့ မတ်စ်ခ်က  “ကျနော့်ကို တနေကုန် ထိုင်ဝေဖန်နေလည်း လုံးဝအဆင်ပြေပါတယ်။ ဒါပေမယ့် အင်တာနက်ပေါ် ကနေ အချိန်နဲ့တပြေးညီ နေရာအတိအကျကိုပါ ရှာဖွေဖော်ထုတ်ပြီးတော့ မိသားစုကိုပါ အန္တရာယ်ဖြစ်စေနိုင်တာမျိုးကတော့ အဆင်မပြေဘူး” လို့ မှတ်ချက်ပေးခဲ့ပါတယ်။ 

မနေ့ကပဲ Twitter Inc ဟာ Musk ရဲ့ ကိုယ်ပိုင်ဂျက်လေယာဉ်ကို အချိန်နဲ့တပြေးညီ အင်တာနက်ပေါ်ကနေ ခြေရာခံခဲ့တဲ့ အီလွန်ဂျက်ဆိုတဲ့ အကောင့်ကို ဆိုင်းငံ့လိုက်ပါတယ်။

ဇွတ်အတင်း နောက်ယောင်ခံလိုက်နေသူက သူမှားသွားကြောင်း သူ့သားကို ပြောဆိုခဲ့ပြီးနောက်မှာ သူဌေးကြီးက အဲဒီအကောင့် သုံးစွဲသူကို တရားဥပဒေအရ အရေးယူမယ်လို့ ခြိမ်းခြောက်ခဲ့ ပါတယ်။ 

အောက်တိုဘာလတုန်းက တွစ်တာကို ဒေါ်လာ ၄၄ ဘီလီယံနဲ့ ဝယ်ယူခဲ့တဲ့ မတ်စ်ခ် က အကောင့်တွေကို ပိတ်ပင်တားဆီးခြင်းမပြုဘဲ လွတ်လပ်စွာပြောဆိုခွင့်အတွက် တိုးချဲ့သွားမယ်လို့ ကတိပြု ပြောဆိုခဲ့ပြီးနောက် တလကြာ အချိန်လောက်မှာ ခုလို အကောင့်ဆိုင်းငံ့မှု ပေါ်ပေါက်လာတာပါ။ 

အကောင့်ဆိုင်းငံ့ခံထားရတဲ့ သတင်းထောက်တွေ အားလုံးဟာ အီလွန်ဂျက်အကြောင်း သတင်းတွေ ကို မှတ်ချက်ပေး/ ဝေမျှတာမျိုး ရှိ၊ မရှိ မရှင်းလင်းသေးပါဘူး။ 

အင်တာနက်ကနေ ခြေရာခံလိုက်နေခြင်းအတွက် ၇ ရက်ကြာ ဆိုင်းငံ့ထားမယ် လို့ ဒီဇင်ဘာ ၁၅ ရက်က တွစ်တာမှာ ရေးသားခဲ့ပါတယ်။ တွစ်တာလူမှုကွန်ရက်ကုမ္ပဏီကတော့ မှတ်ချက်ပေးဖို့ တောင်းဆိုမှုအပေါ် ချက်ချင်းတုံ့ပြန်ခြင်း မရှိပါဘူး။ 

13 hours Ago

February 16, 2020

ဘာစီလိုနာအသင်းနှင့် အိုလံပစ်ကော်မတီတို့၏ တွစ်တာအကောင့်များ တိုက်ခိုက်ခံရ

ဟက်ကာအဖွဲ့တခုက လာလီဂါကလပ် ဘာစီလိုနာအသင်းနဲ့ နိုင်ငံတကာ အိုလံပစ်ကော်မတီတို့ရဲ့ တွစ်တာအကောင့်တွေကို ဖေဖော်ဝါရီ ၁၅ ရက်က ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြပါတယ်။  OurMine လို့ ခေါ်တဲ့ ဟက်ကာအဖွဲ့က ဒီတိုက်ခိုက်မှုတွေကို ပြုလုပ်ခဲ့တာဖြစ်ပြီး ဘာစီလိုနာအသင်းရဲ့ တွစ်တာအကောင့်တွေနဲ့ အိုလံပစ်ကော်မတီတို့ရဲ့ အကောင့်တွေမှာ မက်ဆေ့ချ်တွေ ရေးတင်ခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ အသင်းရဲ့ လာမာစီယာ လူငယ်အကယ်ဒမီအပြင် အသင်းနဲ့ ပတ်သက်တဲ့ တခြားသော အကြောင်းအရာတွေကို ဖော်ပြနေတဲ့ ဘာသာစကားတချို့နဲ့ ဖော်ပြတဲ့ အကောင့်တွေ ရှိနေပြီး ဒီအကောင့်တွေ အကုန်လုံး အဟက်ခံခဲ့ရပုံ ရှိပါတယ်။  ဒီအွန်လိုင်းတိုက်ခိုက်မှုဟာ ဘာစီလိုနာအသင်းက ဂီတာဖေးအသင်းကို နှစ်ဂိုး တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး လာလီဂါအမှတ်ပေးဇယားမှာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ရမှတ်တူ အဆင့် ၁ နေရာကို ‌ရောက်ရှိခဲ့ပြီးနောက် မကြာခင်မှာ ပေါ်ပေါက်ခဲ့တာပါ။  “ဟိုင်း၊ ငါတို့က OurMine အဖွဲ့ပါ။ ဒါကတော့ ဒုတိယအကြိမ်မြောက် တိုက်ခိုက်မှုပါပဲ။ ဒီတကြိမ်မှာတော့ လုံခြုံရေးစနစ်တွေက ပိုကောင်းလာပေမယ့် ငါတို့ကို တားဆီးဖို့တော့ မလုံလောက်သေးပါဘူး” လို့ ဟက်ကာအဖွဲ့က အကောင့်တွေမှာ ရေးသားခဲ့ပါတယ်။ OurMind အဖွဲ့ဟာ ၂၀၁၇ ခုနှစ်တုန်းကလည်း ဘာစီလိုနာအသင်းရဲ့ တွစ်တာအကောင့်ကို ဟက်ခဲ့ဖူးပြီး ပီအက်စ်ဂျီက ဒီမာရီးယားကို ခေါ်ယူတော့မယ်လို့ သတင်းမှားတွေကို ရေးသာဖူးပါတယ်။  နောက်ပိုင်းမှာမှ ဘာစီလိုနာအသင်းက အကောင့်ကို ပြန်လည်ရယူခဲ့ပြီး အသင်းရဲ့ တွစ်တာအကောင့်ဟာ ဆိုက်ဘာတိုက်ခိုက်မှုနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ အသိပေး ထုတ်ပြန်ခဲ့ရပါတယ်။  “ဘာစီလိုနာအသင်းအနေနဲ့ အဖွဲ့ဝင်တွေ၊ ပရိသတ်တွေအတွက် ကောင်းမွန်တဲ့ ဝန်ဆောင်မှုရရှိရေး အာမခံချက်ရှိအောင် ဆိုက်ဘာလုံခြုံရေးကို ပြန်လည်စစ်ဆေးမှု ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဆိုက်ဘာတိုက်ခိုက်မှုကြောင့် ဖြစ်တဲ့ အဆင်မပြေမှုတွေအတွက်လည်း တောင်းပန်ပါတယ်” လို့ အသင်းက ပြန်လည်ရေးသားခဲ့ပါတယ်။ ဘာစီလိုနာအသင်းနည်းတူ အိုလံပစ်ကော်မတီကလည်း OurMind အဖွဲ့ရဲ့ တိုက်ခိုက်မှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။  ဒီအဖွဲ့ဟာ the Olympic ၊ Athlete365 နဲ့ IOC Media စတဲ့ ကော်မတီရဲ့ တရားဝင်အကောင့်တွေမှာ ပို့စ်တွေတင်ခဲ့ပြီး နောက်ပိုင်းမှာတော့ ဒီပို့စ်တွေကို ပြန်လည်ဖြုတ်ချခဲ့ရပါတယ်။ အခုတိုက်ခိုက်မှုကို ပြုလုပ်ခဲ့တဲ့ ဟက်ကာအဖွဲ့ဟာ အရင်တုန်းကလည်း Wikileaks၊ ရီးရဲလ်မက်ဒရစ်၊ NFL စတဲ့ အဖွဲ့ချုပ်တွေအပြင် Facebook ၊ Instagram နဲ့ New York Times တို့ကိုလည်း ပစ်မှတ်ထား တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ဖူးပါတယ်။
3 years Ago
Up