close

တွားသွားသတ္တဝါ

close

December 3, 2021

ကိုလံဘီယာလေဆိပ်တွင် တွားသွားသတ္တဝါများ သိမ်းဆည်းရမိ

ကိုလံဘီယာ အာဏာပိုင်တွေဟာ မြို့တော် ဘိုဂိုတာရှိ လေဆိပ်မှတစ်ဆင့် ဥရောပကို တရားမဝင် သယ်ဆောင်ဖို့လုပ်နေတဲ့ တွားသွားသတ္တဝါတွေ ရာနဲ့ချီပြီး သိမ်းဆည်းရမိခဲ့တယ်လို့ တာဝန်ရှိသူတွေက  နိုဝင်ဘာ  ၂ ရက်မှာ ပြောပါတယ်။

တာရန်တူလာ ပင့်ကူ ၂၃၂ ကောင်၊ ပင့်ကူဥ ကိုးဥနဲ့ ကင်းမြီးကောက် အကောင်ကြီး ၁ ကောင်၊ အသေး ၇ ကောင်နဲ့ ပိုးဟပ် ၆၇ ကောင်တို့ ပါဝင်တဲ့ အဆစ်အပိုင်းရှိ ကျောရိုးမဲ့ သတ္တဝါတွေကို သယ်ဆောင်ဖို့ အသုံးပြုနေတဲ့ လတ်စတစ် ကွန်တိန်နာ ၂၁၀ လုံးနဲ့အတူ ဂျာမန်လူမျိုး နှစ်ဦးကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ 

မှောင်ခိုသမား ဖြစ်နိုင်ခြေရှိတဲ့ ဂျာမန်တွေဟာ ပင့်ကူတွေ၊ ကင်းမြီးကောက်နဲ့ ပိုးဟပ်တွေကို ပညာရပ်ဆိုင်ရာ အကြောင်းပြချက်တွေနဲ့ တင်ပို့တာဖြစ်ကြောင်း ပြောခဲ့ကြပေမယ့် သူတို့မှာ အဲဒီလိုလုပ်ခွင့်မရှိဘူးလို့ အာဏာပိုင်တွေက ပြောပါတယ်။ 

တိရစ္ဆာန်တွေကို ကျွမ်းကျင်ပညာရှင်တွေက စစ်ဆေးနေပြီး သူတို့ကို လွှတ်ပေးဖို့ ဒါမှမဟုတ် နေရာပြန်ချပေးဖို့ နောက်ပိုင်း ဆုံးဖြတ်မယ်လို့ ဆိုပါတယ်။ 

ကမ္ဘာ့မျိုးစိပ်စုံ ၁၇ နိုင်ငံထဲမှာ ပါဝင်ပြီး မျိုးစိပ်ပေါင်း သောင်းနဲ့ချီရှိတဲ့ ကိုလံဘီယာနိုင်ငံဟာ သူ့ရဲ့ ဇီဝမျိုးစုံ မျိုးကွဲတွေကနေ ဆွဲဆောင်နေတဲ့ တောရိုင်းတိရစ္ဆာန် မှောင်ခိုရောင်းဝယ်သူတွေအတွက် ပစ်မှတ်ဖြစ်နေတာပါ။ 

၂၀၂၁ ခုနှစ်အတွင်း အခုချိန်ထိ မျိုးစိပ်နမူနာပေါင်း ၁၁၀၀၀ ကျော်ကို သိမ်းဆည်းရမိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ 

စက်တင်ဘာလတုန်းက ကိုလံဘီယာအာဏာပိုင်တွေဟာ ငါးမန်းကောင်ရေ ၉၀၀ ကနေ ၁၀၀၀ ကြား အရေအတွက်နဲ့ညီမျှတဲ့ ငါးမန်းတောင် ၃၄၉၃ တောင်အား ဟောင်ကောင်ကို တရားမ၀င်ကုန်ကူးမယ့်သင်္ဘောတစ်စီး သိမ်းဆည်းရရှိခဲ့ပါတယ်။ 

2 mins Ago
Up