close

တွေ့ဆုံဆွေးနွေးမှု

close

December 11, 2022

ရုရှားနှင့်တွေ့ဆုံဆွေးနွေးမှု ဂျာမဏီဆက်ထိန်းထားလို

ဂျာမန်အဓိပတိ အောလော့ဖ်ရွှိုက်ဇ်က ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ တွေ့ဆုံဆွေးနွေးမှုကို ဆက်ထိန်းထားချင်တယ်လို့ သူ့ရဲ့ ဘန်ဒက်စ်တက်ဂ် မဲဆန္ဒနယ်မှာ နေထိုင်သူတွေနဲ့ တွေ့ဆုံချိန်မှာ ပြောလိုက်ပါတယ်။

"ဒီအခြေအနေ ကနေ ရုန်းထွက်ဖို့ ဖြစ်နိုင်ခြေရှိတဲ့ အခိုက်အတန့်တွေကို တွေ့ကြုံခံစားချင်တာ ကြောင့် သူနဲ့ ကျနော်ဆက်ပြောနေမှာပါ၊ စကားမပြောရင် မဖြစ်နိုင်ပါဘူး" လို့ ပို့စ်ဒန်မှာ ဒီဇင်ဘာ ၁၀ ရက် တွေ့ဆုံပွဲအတွင်း ရွှိုက်ဇ်က ပြောပါတယ်။

ရွှိုက်ဇ်ဟာ ပူတင်နဲ့ ဖုန်းထဲကနေ စကားအများကြီး ပြောခဲ့ပြီး ပြောသမျှ စကားအားလုံး“ ယဉ်ကျေး” နေတုန်းပဲ  "ဖုန်းရဲ့ တစ်ဖက်မှာ အော်တဲ့သူ မရှိဘူး"လို့ ပြောပါတယ်။

ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ယူကရိန်းပိုင်နက်ရဲ့ အစိတ်အပိုင်းကို အင်အားသုံးပြီး သိမ်းပိုက် ချင်တာပါ" လို့ ရွှိုက်ဇ်က ပြောပါတယ်။

“ရုရှားစစ်သား ဘယ်နှယောက် သေဆုံးတယ်ဆိုတာ အတိအကျ မသိရသေးပေမယ့် ၁သိန်း လောက်ထိ မြင့်နိုင်တယ်”လို့လည်း သူက ဆက်ပြောပါတယ်။

ရုရှားဟာ အနောက်အုပ်စုအပေါ် ယုံကြည်မှု လုံးဝနီးပါး ဆုံးရှုံးသွားပြီး ယူကရိန်းအရေး ပြေလည်မှုရဖို့ ပိုခက်ခဲလာမယ်လို့ ပူတင်က ဒီဇင်ဘာ ၉ ရက်မှာ ပြောခဲ့ပါတယ်။ 

12 mins Ago
Up