close

တွဲကားတိမ်းမှောက်

close

June 28, 2021

ဂုတ်တွင်းခြောက်ထပ်ကွေ့တွင် တွဲကားတစ်စီး တိမ်းမှောက်

မန္တလေး-မူဆယ်လမ်းပိုင်း ဂုတ်တွင်းခြောက်ထပ်ကွေ့မှာ ဇွန် ၂၈ရက် မနက် ၁၀ နာရီခွဲလောက်က တွဲကားတစ်စီး တိမ်းမှောက်ခဲ့ပါတယ်။

အဲဒီတွဲကားဟာ မူဆယ်ကနေ မန္တလေးကို မောင်းနှင်လာတာ ဖြစ်ပြီး ဂုတ်တွင်းခြောက်ထပ်ကွေ့ အဆင်းလမ်းမှာ ကွေ့ဆင်းနေချိန် တိမ်မှောက်ခဲ့တာပါ။

ယာဉ်တိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ သိရပါတယ်။

တွဲကားတိမ်းမှောက်မှုကြောင့် အတက်အဆင်း လမ်းပိတ်ခဲ့ပေမယ် နေ့လယ် ၁ နာရီဝန်းကျင်လောက်မှာ လမ်းပွင့်သွားပြီးဖြစ်ပါတယ်။

ဂုတ်တွင်းခြောက်ထပ်ကွေ့က မကြာခဏဆိုသလို ယာဉ်တိမ်းမှောက်မှုတွေ ဖြစ်ပေါ်နေတာကြောင့် ကုန်ကားမောင်းသူတွေက လမ်းချဲ့ပေးစေချင်ကြသလို အဆင်းလမ်း ညာဘက် နိမ့်ဆင်းနေပြီးဖြစ်တဲ့အတွက် ပြုပြင်ထိန်းသိမ်းတာတွေ လုပ်ပေးစေချင်တယ်လို့ ပြောပါတယ်။

Photo -  Konay Konay

12 hours Ago
Up