close

ထက်ဝက်လျှော့ချ

close

September 23, 2021

ထိုင်းအစိုးရက အလုပ်ရှင်၊အလုပ်သမားများ၏ လူမှုဖူလုံရေးထည့်ဝင်ကြေး ထက်ဝက်နီးပါး လျှော့ချ

ထိုင်းနိုင်ငံမှာ အစိုးရက စက်တင်ဘာလကနေ နိုဝင်ဘာလအထိ အလုပ်ရှင်နဲ့ အလုပ်သမားတွေရဲ့ လူမှုဖူလုံရေးထည့်ဝင်ကြေးတွေကို ၅ ရာခိုင်နှုန်းကနေ ၂ ဒသမ ၅ ရာခိုင်နှုန်းထိ ထက်ဝက်နီးပါး လျှော့ချပေးသွားဖို့ အတည်ပြုလိုက်ပါတယ်။

“ကိုဗစ်-၁၉ အကျပ်အတည်းအခြေအနေအတွင်း စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ သူတို့ရဲ့ ဝန်ထမ်းတွေရဲ့ ဘဏ္ဍာရေး ဝန်ထုပ်ဝန်ပိုးကို သက်သာစေဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်” လို့ ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာန ၀န်ကြီး ဆူချတ် ချွန်ကလင်က ပြောပါတယ်။

“လူမှုဖူလုံရေးအက်ဥပဒေပုဒ်မ ၃၉ အရ ၀န်ထမ်းတွေအနေနဲ့ လစဉ်ထည့်ဝင်ကြေး ၄၃၂ ဘတ်ကနေ ၂၃၅ ဘတ်ကို လျှော့ချဖြတ်တောက်သွားမှာ ဖြစ်ပါတယ်။”

ဒီဉပဒေအရ လူမှုဖူလုံရေးထည့်ဝင်ကြေးတွေ ထည့်ဝင်ထားတဲ့ အလုပ်သမားတွေအနေနဲ့ လုပ်ငန်းရပ်ဆိုင်းသွားခဲ့ရင်လည်း အကျိုးခံစားခွင့် ဆက်လက်ရရှိနိုင်မယ်လို့ ဆိုပါတယ်။

လူမှုဖူလုံရေးအဖွဲ့ အထွေထွေအတွင်းရေးမှူး ထော့ဆာဖို ခရစ်ဝေါင်ဝီမန်ကတော့ ဒါက ထိုင်းစီးပွားရေးလုပ်ငန်းပေါင်း ၄၈၀,၀၀၀ နဲ့ အလုပ်သမားဦးရေ ၁၃ သန်းထိကို ကူညီပေး နိုင်လိမ့်မယ်လို့ ပြောပါတယ်။

တကယ်လို့များ လူမှုဖူလုံရေး၊ ဒါမှမဟုတ် အလုပ်သမားရေးရာရာကိစ္စတွေနဲ့ ပတ်သက်လို့ ပိုမိုသိရှိ လိုပါက အလုပ်သမား ၀န်ကြီးဌာနရဲ့ Hotline ဖုန်း ၁၅၀၆ ကို ဆက်သွယ်နိုင်တယ်လို့ ဆိုပါတယ်။

6 mins Ago

October 22, 2019

လက်ဘနွန်တွင် အစိုးရဝန်ကြီးများ၏ လစာကို ထက်ဝက်လျှော့ချ

လက်ဘနွန်နိုင်ငံမှာ ဆန္ဒပြသူတွေ စိတ်ပြေစေဖို့အတွက် ဝန်ကြီးတွေရဲ့ လစာကို ထက်ဝက် လျှော့ချဖို့ အစိုးရက စီစဉ်နေပါတယ်။ ဝန်ကြီးချုပ် ဆာအိဒ်အယ်လ်ဟာရီရီနဲ့ သမ္မတ မစ်ရှဲအာရွန်တို့ ပါဝင်တက်ရောက်တဲ့ အောက်တိုဘာ ၂၁ ရက်နေ့ အစိုးရအဖွဲ့အစည်းအဝေးမှာ နိုင်ငံ စီးပွားရေး အကျပ်အတည်း သက်သာစေရေးအတွက် ဝန်ကြီးတွေရဲ့ လစာကို တဝက်ထိ လျှော့ချမယ့် အစီအစဉ် အပါအဝင် ပြုပြင်ပြောင်းလဲရေး မူဝါဒတွေကို အတည်ပြုဖို့ မျှော်လင့်ထားပါတယ်။ နိုင်ငံတအနှံ့မှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ငါးရက်မြောက် ဆင်နွှဲနေပြီး ဆန္ဒပြသူတွေက လမ်းတွေကို ပိတ်ဆို့ထားပါတယ်။ ဒါဟာ ဆယ်စုနှစ်တွေအတွင်း အုပ်ချုပ်သူ ရေပေါ်ဆီ လူတန်းစားတွေနဲ့ သဘောထား ကွဲလွဲကြောင်း အကြီးဆုံး ပြသမှုလည်း ဖြစ်ပါတယ်။ ထောင်သောင်းချီတဲ့ ဆန္ဒပြသူတွေလမ်းတွေပေါ် ရောက်လာတဲ့ အကျပ်အတည်းကို ဖြေရှင်းဖို့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်ကို အစိုးရ အဖွဲ့ဝင်တွေနဲ့ ဝန်ကြီးချုပ်တို့ သဘောတူခဲ့ကြပြီးပြီလို့ အရာရှိတွေက အောက်တိုဘာ ၂၀ မှာ ရိုက်တာ သတင်းဌာနကို ပြောပါတယ်။ ပြုပြင်ပြောင်းလဲရေး အစီအစဉ်ထဲမှာ လက်ရှိနဲ့ အငြိမ်းစား သမ္မတတွေ ဝန်ကြီးတွေနဲ့ လွှတ်တော်အမတ်တွေရဲ့ လစာကို ထက်ဝက်လျှော့ချဖို့နဲ့ အစိုးရအဖွဲ့နဲ့ အရာရှိတွေရဲ့ ခံစားခွင့်တွေကို လျှော့ချ ဖြတ်တောက်ဖို့လည်း ပါပါတယ်။ အောက်တိုဘာ ၁၇ ရက်ကနေ ခုထိ နိုင်ငံတဝန်း ဆန္ဒပြပွဲတွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်နေတာပါ။ဘဏ်တွေကို တနင်္လာနေ့မှာ ပိတ်ထားပြီး အဓိက အလုပ်သမားသမဂ္ဂကလည်း သပိတ်မှောက်ထားပါတယ်။
2 years Ago
Up