close

ထန်းကြီးကျေးရွာ

close

November 15, 2022

ဝက်လက်မြို့နယ်၊ ထန်းကြီးကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး (ဓာတ်ပုံ)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ  ထန်းကြီးကျေးရွာကို နိုဝင်ဘာ ၁၃ ရက် မနက်မှာ စစ်ကောင်စီတပ်က ဝင်ရောက် အကြမ်းဖက် မီးရှို့ဖျက်ဆီးခဲ့ရာမှာ ကျေးရွာမှာရှိတဲ့ လူနေအိမ်ခြေ ၅၀၀ လောက်ထဲမှာ ၄၀၀ လောက် မီးလောင်ပျက်စီးသွားခဲ့တယ်လို့ 96 Soldiers - PDF အညာဒေသတပ်ခွဲက ထုတ်ပြန်ပါတယ်။ ဒါ့အပြင် ထန်းကြီးကျေးရွာနေ လေဖြတ်နေတဲ့ ပြည်သူတယောက် မီးရှို့ခံခဲ့ရကာ ထန်းကြီးဘူတာမှာလည်း ပြည်သူ ၄ ယောက် အသတ်ခံရတယ်လို့ ဆိုပါတယ်။

နိုဝင်ဘာ ၁၂ ရက်ကစပြီး  ဝက်လက်မြို့နယ် တောင်ဘက်ခြမ်းရွာတွေကို ဝင်ရောက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းနဲ့ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေ ပေါက်ကံရွာမမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် အခုလို စစ်ကောင်စီတပ်က ရွာမီးရှို့ခဲ့တာဖြစ်ပါတယ်။ 

Photo- Pyay Kyaw (96Soldiers)

9 mins Ago
Up