close

ထပ်မံမီးရှို့

close

January 23, 2023

ကသာမြို့နယ် တိုက်ကုန်းရပ်ကွက်ကို စစ်ကောင်စီတပ် ထပ်မံမီးရှို့

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ် မိုးတားရွာ တိုက်ကုန်းရပ်ကွက်ကို စစ်ကောင်စီတပ်သားတွေက ဇန်နဝါရီ ၂၃ ရက်နေ့ မနက် ၈ နာရီလောက်ကနေ စတင်မီးရှို့နေပြီး မွန်းတည့် ၁၂ နာရီအချိန်ထိ လောင်ကျွမ်းနေတယ်လို့ ကသာ ပ.က.ဖ တာဝန်ခံတွေကနေ သိရပါတယ်။

“ဟိုနေ့က ရှို့လို့လောင်သွားတာက ၁၈ လုံးရှိတယ်။ ဒီနေ့ ထပ်ရှို့နေတာက ဘယ်လောက်လောင်သွားပြီဆိုတာ သတင်းမရသေးဘူး၊ မနက် ၈ နာရီလောက်ကနေ ရှို့နေတာ၊ နေလည် ၁၂ လောက်အထိ မီးခိုးတွေ တက်နေတယ်၊ ဒီနေ့တော့ တိုက်ပွဲဖြစ်တာမရှိဘူး။”

မိုးတားရွာပတ်ဝန်းကျင်မှာ မနေ့ကလည်း စစ်ကောင်စီတပ်သားတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကြား ပစ်ခတ်တိုက်ခိုက်မှုမရှိဘဲ စစ်ကောင်စီတပ်သားတွေက ရွာထဲဝင်လာကာ တိုက်ကုန်းရပ်ကွက်ကို နေ့လယ် ၁ နာရီ ဝန်းကျင်ကနေ စတင်မီးရှို့ခဲ့တယ်လို့ သိရပါတယ်။ 

မိုးတားရွာပတ်ဝန်းကျင်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုအကြိမ်ကြိမ်ပြုလုပ်လာပြီး ပြည်သူနေအိမ်တွေ ပျက်ဆီးဆုံးရှုံးမှုများလာတာ၊ ပြည်သူတွေထိခိုက်သေဆုံးမှုရှိထာတာကြောင့် မိုးတားရွာကနေ နောက်ဆုတ်ပေးထားတယ်လို့ ကသာ ပ.က.ဖ တာဝန်ခံက ပြောပါတယ်။

“သူတို့က မိုးတားရွာကို အရင်ကလည်းဝင်နေကြ၊ ဒီတခေါက်လည်း မိုးတာကို ဦးတည်ပြီးလာတာပဲ။ ကျနော်တို့ PDF က မိုးတားအဝင် တိုက်ကုန်းနားက ဘုရားကုန်းမှာ စောင့်ပြီးတော့တားတယ်၊ သုံးရက်ဆက်တိုက် တိုက်ပွဲပြင်းထန်တယ်။ သူတို့က မရမက ဝင်ဖို့လုပ်တယ်။ တိုက်လေယာဥ်၊ ရဟတ်ယာဥ်တွေနဲ့ နေ့တိုင်း လေကြောင်းတိုက်ခိုက်မှုလုပ်တယ်။ အဲလိုဆိုတော့ ပြည်သူနေအိမ်တွေ ပျက်စီးတာတွေ များလာတော့ နောက်ဆုတ်ပေးထားလိုက်တယ်။” 

လက်ရှိအချိန် စစ်ကောင်စီတပ်သားတွေ မိုးတားရွာမှာ ရှိနေဆဲဖြစ်ပြီး ဘယ်ကို ဆက်ပြီး စစ်ကြောင်းတက်သွားမယ်ဆိုတာတော့ ခန့်မှန်း မရသေးဘူးလို့ သိရပါတယ်။

မိုးတားတိုက်ပွဲအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်က တဦးကျဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူတွေ ရှိခဲ့တယ်လို့ သိရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဘက်ကတော့ ထိခိုက်ကျဆုံးမှုများပြားကာ အရေအတွက်အတိအကျကိုတော့ မသိရသေးဘူးလို့ ကသာ ပ.က.ဖ တာဝန်ခံကနေ သိရပါတယ်။

ကသာမြို့နယ်ထဲက အလယ်ကျွန်း၊ ပြင်ထောင်၊ ဆိတ်မူကျေးရွာတွေဘက်မှာတော့  စစ်ကြောင်းထိုးထားတဲ့ စစ်ကောင်စီတပ်သားတွေ ငအိုး (၁၂၁) တပ်ရင်းထဲ ပြန်ဝင်သွားပြီဖြစ်တာကြောင့် တိုက်ပွဲတွေ ငြိမ်သက်နေတယ်လို့ သိရပါတယ်။ 

တပ်ရင်းထဲကိုဝင်ဖို့လာတဲ့ စစ်ကောင်စီစစ်ကြောင်းကိုတော့ ဆိတ်မူးကျေးရွာအထွက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မိုးတားရွာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ ၇ ဦး အသက်ဆုံးရှုံးခဲ့ရပြီး အများအပြားဒဏ်ရာရရှိကာ နေအိမ်တွေလည်း မီးလောင်ကျွမ်းခဲ့ရပါသေးတယ်။

9 hours Ago

October 23, 2022

မင်းကင်းမြို့နယ် လက်ပံတောရွာကို စစ်တပ်က ထပ်မံမီးရှို့၊ တရွာလုံးမီးလောင်ပြာကျ

စစ်ကိုင်းတိုင်း ကလေးခရိုင်၊ မင်းကင်းမြို့နယ် လက်ပံတောရွာနေအိမ်တွေကို အောက်တိုဘာ ၂၂ ရက် ညနေ ၄ နာရီလောက်က စစ်ကောင်စီတပ်က ထပ်မံမီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မီးရှို့ဖျက်ဆီးခံရတဲ့ကျေးရွာဟာ တောင်တွင်းဒေသမှာရှိတဲ့ လက်ပံတောကျေးရွာဖြစ်ပြီး စစ်ကောင်စီတပ်က ဒုတိယအကြိမ် မီးရှို့ခဲ့တာကြောင့် တရွာလုံး မီးလောင်ပြာကျသွားခဲ့ပြီလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က လက်ပံတောရွာက နေအိမ် ၃၁ လုံးကို ၂၀၂၂ ခုနှစ်၊ ဇွန် ၁၃ ရက်မှာ မီးရှို့ခဲ့ပြီး ကျန်နေအိမ် ၄ လုံးကိုတော့ အောက်တိုဘာ ၂၂ ရက်မှာ ထပ်မံမီးရှို့တာကြောင့် ရွာလုံးကျွတ် မီးလောင်ပြာကျသွားခဲ့ရပြီလို့ ဒေသခံ တဦးက ပြောပါတယ်။

အခုလို မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ကျော်ရွာကျေးရွာအတွင်းမှာ တပ်စွဲနေထိုင်ကာ ဒေသခံနေအိမ်တွေကို ထပ်ခါထပ်ခါ မီးရှို့နေတာကြောင့် မီးဘေးသင့်ပြည်သူ များပြားနေပြီ ဖြစ်သလို အခက်အခဲမျိုးစုံလည်း ရင်ဆိုင်နေကြရတယ်လို့ ဆိုပါတယ်။

မင်းကင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်ရဲ့ မီးရှို့မှာကြောင့် နေအိမ် ၁၂၂၄ လုံး မီးလောင်ခဲ့သလို မီးဘေးသင့်ပြည်သူများကလည်း တောတောင်တွေထဲမှာဖြစ်သလို စားသောက်နေထိုင်ရပြီး ဆေးဝါးတွေလည်း လိုအပ်နေတာကြောင့် ဝိုင်းဝန်းကူညီပေးကြဖို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူ တဦးက ပြောပါတယ်။

3 months Ago
Up