ဘာစီလိုနာအသင်းဟာ ဝုဗ်တောင်ပံတိုက်စစ်မှူး ထရာအိုရေးကို ခေါ်ယူခဲ့ပြီးနောက် ဒမ်ဘီလီကို ပြန်လည်ရောင်းချသွားမယ်လို့ သိရပါတယ်။
အသက် ၂၆ နှစ်ရှိ စပိန်လက်ရွေးစင် ထရာအိုရေးဟာ ဘာစီလိုနာအသင်း အကယ်ဒမီ ထွက်ကစားသမားတစ်ဦးဖြစ်ပြီး ဘာစီလိုနာက ကနဦးအငှားစာချုပ်နဲ့ ရာသီကုန်အထိ ခေါ်ယူခဲ့တာပါ။
ရာသီအကုန်ချိန်မှာ ခြေစွမ်းပြနိုင်ခဲ့မယ်ဆိုရင်တော့ ပေါင်သန်း ၃၀ နဲ့ ထရာအိုရေးကို ခေါ်ယူနိုင်မှာပါ။
ထရာအိုရေးဟာ ၂၀၁၃ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အတွင်း ဘာစီလိုနာ အသင်းကြီးအတွက် ၄ ပွဲမှာ ၁ ဂိုးသွင်းခဲ့ပြီး အက်စ်တန်ဗီလာအသင်းဆီ ပြောင်းရွှေ့ခဲ့တာပါ။ အဲဒီနောက် မစ်ဒယ်ဘရော့အသင်းဆီပြောင်းခဲ့ပြီး ၂၀၁၈ ခုနှစ်ကမှ ဝုဗ်အသင်းဆီ ထပ်မံပြောင်းရွှေ့ခဲ့တာပါ။
ဘာစီလိုနာအသင်းဟာ တောင်ပံတိုက်စစ်နေရာအတွက် ထရာအိုရေးကို ခေါ်ယူနိုင်ခဲ့တာ ကြောင့် အသင်းမှာရှိတဲ့ ပြင်သစ်တောင်ပံကစားသမား ဒမ်ဘီလီကို အငှားချသွားဖို့ ပြင်ဆင်ထား ပါတယ်။
ဒမ်ဘီလီကို အမည်ဖော်ပြခြင်းမရှိတဲ့ အင်္ဂလန်ကလပ်နှဟ်သင်းက ပေါင် ၁၈ သန်းနဲ့ ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။