close

ထရီပိုလီ

close

August 28, 2022

လစ်ဗျားနိုင်ငံ မြို့တော်ထရီပိုလီတွင် တိုက်ပွဲပြင်းထန်ဖြစ်ပွား

လစ်ဗျားနိုင်ငံ မြို့တော်ထရီပိုလီမှာ ပြိုင်ဘက်အုပ်စုနှစ်စုအကြား  သြဂုတ် ၂၇ ရက်က  ၂ နှစ်အတွင်း အဆိုးဝါးဆုံးတိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

ထရီပိုလီမြို့တော် အခြေစိုက် အမျိုးသားညီညွတ်ရေးအစိုးရ (GNU)နဲ့ နိုင်ငံအရှေ့ပိုင်းမှာ အခြေစိုက်ထားတဲ့ လွှတ်တော်က ကျောထောက်နောက်ခံ ပေးထားတဲ့ ဖှာသီဘာရှာဂါ လက်အောက်က စင်ပြိုင်အစိုးရတို့ကြား အာဏာလုရင်း လချီ အာဏာလွန်ဆွဲနေခဲ့ပါတယ်။

ဒီနှစ်ဖွဲ့ အာဏာရယူဖို့ မြို့တော်အတွင်း လှုပ်ရှားဖို့ ကြိုးစားခဲ့ရာက ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တာတယ်လို့ မြို့ခံမျက်မြင်တွေ့သူတွေက ပြောပါတယ်။

တိုက်ပွဲမှာ လူ ၁၂ ဦး သေဆုံးပြီး ၈၇ ဦး ဒဏ်ရာရခဲ့တယ်လို့ လစ်ဗျားကျန်းမာရေး ဝန်ကြီးဌာနက ပဏာမ ထုတ်ပြန်ခဲ့ပေမယ့် အရပ်သား ဒါမှမဟုတ် တိုက်ခိုက်ရေးသမား ဘယ်လောက် ပါတယ်ဆိုတဲ့ အသေးစိတ် အချက်အလက်ကို မထုတ်ပြန်ခဲ့ပါဘူး။

ထရီပိုလီရဲ့ အဓိကအုပ်စုတွေထဲက တဖွဲ့က  နောက်တဖွဲ့တပ်စွဲထားတဲ့ အခြေစိုက်စခန်းကို တိုက်ခိုက်ခဲ့လို့ ညလုံးပေါက် တိုက်ပွဲဖြစ်ခဲ့တာလို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

ဒီတိုက်ပွဲကြောင့် ပစ်ခတ်သံတွေ ပေါက်ကွဲသံတွေ နာရီချီ ထွက်ပေါ်ခဲ့ပါတယ်။ လက်နက်ငယ်တွေ စက်သေနတ်တွေ၊ မော်တာတွေနဲ့  မြို့လယ်ပိုင်း ဒေသအသီးသီးမှာ ပစ်ခတ်နေလို့ စနေ မနက်ပိုင်းမှာ တိုက်ပွဲတွေ ပိုပြင်းထန်လာခဲ့တာပါ။ မြို့တော် ထရီပိုလီရဲ့ မိုးမျှော်တိုက်တွေမှာ မီးခိုးနက်တွေ အူထွက်နေသလို လေထဲမှာလဲ ပေါက်ကွဲသံတွေ ပဲ့တင်ထပ်နေတယ်လို့ ရိုက်တာ သတင်းမှာ ရေးသားဖော်ပြပါတယ်။

မြို့ထဲမှာ ဖြစ်နေတဲ့ အခုတိုက်ပွဲဟာ လစ်ဗျားကို တင်းပြည့်ကျပ်ပြည့် စစ်ပွဲထဲ ပြန်ကျသွားစေလိမ့်မယ်လို့ မီဒီယာတွေက သုံးသပ်ပါတယ်။

ပြည်လုံးကျွတ် ရွေးကောက်ပွဲတွေ ကျင်းပဖို့ ရည်မှန်းထားတဲ့ နိုင်ငံရေး ဖြစ်စဉ်အတွက် ကျန်ခဲ့တဲ့ ၂ နှစ်အတွင်း ခါတိုင်းထက်စာရင် ငြိမ်းချမ်းခဲ့သေးတာပါ။

3 hours Ago

June 5, 2020

ထရီပိုလီမှ နိုင်ငံတကာအသိအမှတ်ပြုတပ်များ ရုပ်သိမ်း 

လစ်ဗျားမြို့တော် ထရီပိုလီကို သိမ်းယူဖို့ ကြိုးပမ်းတဲ့ တစ်နှစ်ကြာတိုက်ပွဲအပြီးမှာတော့  ဗိုလ်ချုပ်ကြီး  ဟက်ဖ်တာဦးစီးတဲ့ အရှေ့ပိုင်းတပ်တွေဟာ  ထရီပိုလီမြို့  ဆင်ခြေဖုံးတွေကနေ  တပ်တွေကို ပြန်ရုပ်သိမ်းနေပါတယ်။ နိုင်ငံတကာအသိမှတ်ပြု အစိုးရတပ်တွေက  အခုတော့ သူတို့ဟာ မြို့နယ်နမိတ်  အားလုံးကို ပြန်ထိန်းချုပ်ထားနိုင်ပြီလို့ ဇွန်လ ၄ ရက်မှာ  ဆိုပါတယ်။ ဒါဟာ  ပြီးခဲ့တဲ့ နှစ်ကတည်းက ထရီပိုလီကို ထိုးစစ်ဆင်နေတဲ့  ဟက်ဖ်တာနဲ့ သူ့ရဲ့ (LNA) တပ်တွေအဖို့ အခြေအနေ ပြောင်းပြန်ဖြစ်သွားတဲ့ သဘောသက်ရောက်ပါတယ်။  လစ်ဗျားပဋိပက္ခမှာ ပါဝင်နေတဲ့  ပြည်ပ အင်အားကြိးနိုင်ငံတွေက  အပစ်ရပ် ဆွေးနွေးပွဲတွေ ပြန်စမယ့် ဆုံးဖြတ်ချက်ကို ကြိုဆိုကြပြီး  နိုင်ငံရေးအရ ဖြေရှင်းတာကို   ထောက်ခံတယ်လို့ လူသိရှင်ကြား ပြောဆိုကြပါတယ်။ ဒါပေမဲ့ ကာလရှည် ပြေလည်မှု  ရရေးနဲ့ ပတ်သက်လို့ သဘောတူညီချက်  မရသေးဘူးလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။   
2 years Ago
Up