close

ထားဝယ်မြို့နယ်

close

September 12, 2022

ထားဝယ်မြို့နယ် ဇဟာရွာနှင့် မောင်မယ်ရှောင်ရွာအကြား စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရ

ရေး-ထားဝယ် ကားလမ်းပိုင်း ထားဝယ်မြို့အဝင်အနီး မောင်မယ်ရှောင်ရွာနဲ့ ဇဟာရွာအကြားမှာ ရေဖြူဘက်ကလာတဲ့ ကား ၂ စီးပါ စစ်ကောင်စီယာဉ်တန်းကို ထားဝယ်ပြောက်ကျားတော်လှန်ရေး တပ်ဖွဲ့ DGRF က စက်တင်ဘာလ ၁၀ ရက် ညနေ ၅ နာရီမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။

မိုင်းဆွဲခံရမှုကြောင့် စစ်ကောင်စီတပ်သား အထိခိုက်အကျဆုံးရှိနိုင်ပြီး အတိအကျကို အတည်မပြုနိုင်ဘူးလို့ DGRF က ပြောပါတယ်။

စစ်ကောင်စီတပ်က ပစ်ခတ်မှုကြောင့် လမ်းသွားလမ်းလာ နှစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိပြီး ဆေးရုံပို့ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မောင်မယ်ရှောင် ကားလမ်းပိုင်းမှာ ပြီးခဲ့တဲ့သြဂုတ်လအတွင်း စစ်ကောင်စီယာဉ်တန်းတွေ ၃ ကြိမ် ထက်မနည်း မိုင်းဆွဲခံခဲ့ရပါတယ်။

အဲဒါကြောင့် ပြည်သူတွေအနေနဲ့ စစ်ကောင်စီ ယာဉ်တန်းတွေနဲ့ ကပ်မလိုက်ကြဖို့ ထားဝယ်ပြောက်ကျား တော်လှန်ရေးတပ်ဖွဲ့က သတိပေးထားပါတယ်။

8 mins Ago

July 21, 2022

ထားဝယ်မြို့နယ် ဘဝပင်ရွာအနီး PDF စခန်းဟောင်းတခုကို စစ်ကောင်စီတပ် စီးနင်းမီးရှို့

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ အရှေ့တောဒေသက ဘဝပင်ကျေးရွာအနီးရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုရဲ့ စခန်းဟောင်းတခုကို စစ်ကောင်စီက ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇူလိုင် ၁၉ ရက်နေ့က ဘဝပင်ကျေးရွာသား နှစ်ဦး အဖမ်းခံခဲ့ရပြီး ညနေဘက်မှာ သူတို့ကိုလမ်းပြခိုင်းပြီး ဝင်ရောက်ရှာဖွေကာ PDF စခန်းဟောင်းရှိ တဲတတဲကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဝကုန်းဒေသခံတဦးက ပြောပါတယ်။

“စခန်းအဟောင်းကို ဝင်စီးတယ်။ PDF တယောက်မှမရှိတော့၊ အရင်က PDF တွေနေခဲ့တဲ့ တဲတခုကို မီးရှို့ခဲ့တယ်လို့ကြားတယ်။” 

အဆိုပါစခန်းဟောင်းဟာ မည်သည့်အဖွဲ့က စခန်းဖြစ်ကြောင်းကိုမှု ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

ဒေသခံ ၆ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရတဲ့အနက် ၂ ဦးမှာ အဖမ်းခံထားရတာကြောင့် ဘဝပင်ရွာဒေသခံတွေ ကြောက်ရွံ့ပြီး ရွာလုံးကျွတ်နီးပါး ဟိန္ဒားကျေးရွာနဲ့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဟိန္ဒားဒေသခံတဦးက ပြောပါတယ်။

အဆိုပါ စစ်ကောင်စီတပ်ဟာ ထီးခီးနယ်စပ်မှ ထားဝယ်ကိုထွက်လာတဲ့ စစ်ကား ၁၄ စီးပါ စစ်ကောင်စီယာဉ်တန်းဖြစ်ပြီး ဇူလိုင် ၁၇ ရက်၊ မနက် ၇ နာရီခွဲလောက်က Kawthoolei Army (အထူးစပါယ်ရှယ်တပ်ရင်း) နဲ့ Nway Oo Guerrilla Force (နွေဦးပြောက်ကျားတပ်ဖွဲ့) ပူးပေါင်းတပ်တို့က ထီးခီးလမ်းတနေရာမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ နွေဦးပြောက်ကျားတပ်ဖွဲ့က ဇူလိုင် ၂၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

2 months Ago
Up