close

ထားဝယ်သပိတ်

close

February 20, 2022

‘ပြန်လည်စုရုံး နှစ်ခြောက်လုံး’ လှုပ်ရှားမှုတွင် ပြည်သူအားလုံးပါဝင်ရန် ထားဝယ်သပိတ်ကော်မတီ တိုက်တွန်း

လာမယ့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ပြုလုပ်မယ့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ‘ပြန်လည်စုရုံး နှစ်ခြောက်လုံး’ လူထုလှုပ်ရှားမှုမှာ ပြည်သူလူထုတရပ်လုံး ပူးပေါင်းပါဝင်ကြဖို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီက တိုက်တွန်းလိုက်ပါတယ်။

ခေတ်အဆက်ဆက် ဒီမိုကရေစီရရှိရေး တော်လှန်တိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့ အာဇာနည်သူရဲကောင်းတွေကို အောက်မေ့ဂုဏ်ပြုတဲ့အနေနဲ့ရော အကြမ်းမဖက်လှုပ်ရှားမှုရဲ့ ပြယုဂ်တစ်ခု အနေနဲ့ပါ ပန်းပွင့်၊ ပန်းစည်းတွေကို စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ကြွေးကြော်သံစာရွက်တွေနဲ့တွဲပြီး လမ်းမတွေပေါ် ချထားခဲ့ပြီး ပူးပေါင်းပါဝင်ကြဖို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ထားဝယ်ခရိုင်သပိတ်ကော်မတီဝင်တစ်ဦးက “လှုပ်ရှားမှုကတော့ လူထုတရပ်လုံးပါဝင်နိုင်တဲ့ လှုပ်ရှားမှုဖြစ်အောင် သေချာဆွေးနွေးပြီးတော့ လုပ်တာဖြစ်ပါတယ်၊ ပန်းစည်တွေ၊ ပန်းပွင့်တွေကို စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ကြွေးကြော်သံရေးထားတဲ့ စာရွက်လေးတွေနဲ့အတူတူ လမ်းပေါ်ချထားခဲ့ဖို့ပါ။ စစ်အာဏာရှင်စနစ်ကို မလိုလားတဲ့ ပြည်သူတိုင်း ဒီလှုပ်ရှားမှုမှာ ပါဝင်စေချင်ပါတယ်” လို့ ပြောပါတယ်။

“ပြန်လည်စုရုံး နှစ်ခြောက်လုံး” လူထူလှုပ်ရှားမှုကို ထောက်ခံစည်းရုံးတဲ့အနေနဲ့  ဆန္ဒပြပွဲတစ်ခုကို အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်ရှေ့မှာ ဖေဖော်ဝါရီ ၁၉ ရက်၊ ဒေသစံတော်ချိန် နေ့ခင်း ၂ နာရီမှ ၄ နာရီအထိ စုရုံးပြုလုပ်ခဲ့ကြပါတယ်။

9 mins Ago

July 13, 2021

စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြသည့် ထားဝယ်သပိတ် ဖြိုခွင်းခံရ

တနင်္သာရီတိုင်း ထားဝယ်မြို့မှာ ဇူလိုင် ၁၂ ညနေပိုင်းက  ထားဝယ်တပ်ပေါင်းစုသပိတ်ကော်မတီနဲ့ ထားဝယ်လူငယ်တွေရဲ့ တော်လှန်ရေးလှုပ်ရှားမှု သပိတ်ကော်မတီ နှစ်ခုပူးပေါင်း ငြိမ်းချမ်းစွာ ဆန္ဒပြနေစဥ် စစ်ကောင်စီတပ်က ကားသုံးစီးနဲ့ လာရောက် အကြမ်းဖက်ဖြိုခွင်းခဲ့တယ်လို့ သိရပါတယ်။

ဆန္ဒပြသူတွေကို သေနတ်တွေနဲ့ ချိန်ပြီး လိုက်ဖမ်းပေမဲ့ တစ်ယောက်မှ ဖမ်းမမိခဲ့ဘဲ ဆန္ဒပြသူတွေရဲ့ ဆိုင်ကယ်တွေနဲ့ အလံတွေကို လုယူသွားခဲ့ကြတယ်လို့ သပိတ်ကော်မတီ တာဝန်ရှိသူတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်က လုယူသွားတဲ့ ဆိုင်ကယ်ထဲမှာ သပိတ်ကော်မတီစာရွက်စာတမ်းတွေလည်း ပါသွားတယ်လို့ သိရပါတယ်။

အဲဒီမတိုင်ခင် နေ့လယ်ပိုင်းကလည်း သပိတ်ကော်မတီတွေ ပူးပေါင်းတိုင်ပင်ဖို့ လာတဲ့ ခေါင်းဆောင်တွေကို လူပြတ်တဲ့ တံတားပေါ်မှာ စစ်ကောင်စီတပ်က လိုက်လံပစ်ခတ် ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ သေနတ်ကျည်ဆန် ဂျမ်းဖြစ်ပြီး မထွက်တာကြောင့် သပိတ်ခေါင်းဆောင်တွေ အန္တရာယ်ကင်းလွတ်မြောက်ခဲ့ကြပေမယ့် နေ့လယ်ပိုင်းသပိတ်ထွက်မဲ့ အစီအစဥ်ကိုတော့ နားလိုက်တယ်လို့ ထားဝယ်တပ်ပေါင်းစုသပိတ်ကော်မတီ တာဝန်ရှိသူတဦးက ပြောပါတယ်။

"ထားဝယ်မှာ ဇူလိုင် ၁၂ ကနေ ၁၉ အထိ တင်းကျပ်မယ့်ပုံရှိတယ်။ သပိတ်ထွက်ရင်လည်း စုရပ်နေရာ အနီးအနားတွေမှာ ကင်းပုန်းတွေ ချထားမှာပဲ။ စုရပ်တွေလည်း ကြိုသိနေနိုင်လို့ အခုလို သူတို့အပိုင်တွက်ပြီး ဖမ်းနိုင်ကြတာလို့ မြင်တယ်။ ဦးဆောင်သူတွေရဲ့ အချက်အလက်တွေကိုလည်း သိထားပီးသားဖြစ်လို့ အခုလိုလမ်းမှာတင် ပိတ်ဖမ်းလာတာ'' လို့ ပြောပါတယ်။

ထားဝယ်မြို့မှာ စစ်ကောင်စီတပ်တွေက လုံခြုံရေးတင်းကျပ်ပြီး လိုက်လံဖမ်းဆီးမှုတွေ ရှိပေမယ့် နေ့စဉ်ဆိုသလို စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြနေကြတာလည်း ဖြစ်ပါတယ်။

7 months Ago
Up