close

ထိန်းချုပ်နိုင်

close

April 23, 2023

ဘတ်ခ်မွတ်တိုက်ပွဲ ပြင်းထန်သော်လည်း ထိန်းချုပ်နိုင်ဟု ယူကရိန်းပြော

ရုရှားတပ်ဖွဲ့တွေက ယူကရိန်းအရှေ့ပိုင်းက ဘတ်ခ်မွတ် မြို့အတွက် တိုက်ပွဲတွေ အပြင်းအထန် အရှိန်မြှင့်ခဲ့ပေမယ့် အခြေအနေကို ထိန်းချုပ်နိုင်ခဲ့တယ်လို့ ယူကရိန်းက ဧပြီ ၂၁ ရက်မှာ ပြော လိုက်ပါတယ်။ 

ယူကရိန်းတပ်တွေ ထိန်းချုပ်ထားတဲ့ မြို့ရဲ့နောက်ဆုံးအစိတ်အပိုင်းဖြစ်တဲ့ ဘတ်ခ်မွတ် အနောက်ဘက်ခြမ်းမှာ ချေမှုန်းရေးတပ်တွေ အခုတိုက်ခိုက်နေပြီလို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက မပြောကြားခင် ခဏအတွင်း ယူကရိန်း လက်ထောက် ကာကွယ်ရေးဝန်ကြီး ဟန်နာမာလီယာက သူ့ရဲ့မှတ်ချက်ကို ပြောခဲ့တာပါ။

 "စစ်ရေးအရ အရှိန်အဟုန်နဲ့ ဆုံးဖြတ်ချက်တွေ ချနေတယ်။" “အခြေအနေက တင်းမာနေပေမယ့် ထိန်းချုပ်နိုင်မှာပါ” လို့ တယ်လီဂရမ် ပေါ်မှာ မာလီယာက ရေးသားပါတယ်။ 

ယူကရိန်းရုပ်သံလိုင်း 5 က ထုတ်လွှင့်တဲ့ ဗီဒီယိုမှာ ဘတ်ခ်မွတ် မြို့တစ်ဝိုက် ယူကရိန်း စစ်သည်တွေဟာ ညဘက်ကင်းလှည့်နေပြီး သေနတ်သံတွေကြားမှာ လူနေရပ်ကွက်အတွင်း မီးခိုးလုံးတွေ ထွက်လာတာကို တွေ့ရပါတယ်။

အထူးသဖြင့် ညဘက်နှင့် လွန်ခဲ့တဲ့ ရက်သတ္တပတ်တွေတုန်းက ပစ်ခတ်မှု ပြင်းထန်တယ်လို့ စစ်သားတွေက ပြောပါတယ်။ 

"သူတို့က မော်တာကနေ S300 ဒုံးပျံတွေအထိ အကုန်သုံးတယ်" လို့ သူ့နာမည်ကို 'မရိန်း' လို့ အမည်ပေးထားတဲ့ စစ်မှုထမ်းတဦးက ပြောပါတယ်။ 

ဒန်ညက်စ်ဒေသထဲက ဘတ်မွတ်မြို့နဲ့  အနီးတစ်ဝိုက်မှာ လအတော်ကြာ တိုက်ပွဲတွေ ဖြစ်နေတာပါ။

 မြို့ကို သိမ်းယူပြီးပြီလို့ ရုရှားက ပုံမှန် အခိုင်အမာ ပြောနေပေမယ့် ယူကရိန်း တပ်ဖွဲ့တွေက မြို့မှာ တပ်စွဲထားဆဲဖြစ်ပါတယ်။

ဘတ်မွတ်မြို့ကို သိမ်းယူနိုင်မှသာ ဒန်ညက်စ် ဒေသအတွင်း ခရာမာတော့စ်ခ်နဲ့ စလိုဗျန့်စ်ခ်မြို့တွေ ဆီကို ချီတက်ဖို့ ရုရှားအတွက်ခြေတစ်လှမ်းကို ပေးစွမ်းနိုင်မှာလည်း ဖြစ်ပါတယ်။ 

10 mins Ago

January 27, 2020

နိုင်ငံအနောက်မြောက်ပိုင်း မြို့အတော်များများကို ဆီးရီးယားအစိုးရတပ်များ ထိန်းချုပ်နိုင်

ဆီးရီးယား အစိုးရတပ်တွေဟာ နိုင်ငံအနောက်မြောက်ပိုင်းက အိဒလစ်ဘ်ခရိုင်တွင်း မြို့အတော်များများကို ထိန်းချုပ်ခဲ့ပြီးပြီလို့ စစ်ပွဲကို စောင့်ကြည့်သူတွေနဲ့ အစိုးရ မီဒီယာက ဇန်နဝါရီ ၂၆ ရက်မှာ ပြောပါတယ်။ သူပုန်တွေရဲ့ နောက်ဆုံးခြေကုပ်ကို ပြန်သိမ်းပိုက်ဖို့ သမ္မတ ဘတ်ရှားအယ်လ် အာဆတ်က တွန်းအားအသစ် ပေးခဲ့တာပါ။ ၉ နှစ်ကြာ ဆီးရီးယား ပြည်တွင်းစစ်ရဲ့ နောက်ဆုံးခြေကုပ်ကနေ သူပုန်တွေကို ရှင်းထုတ်ဖို့ ရည်ရွယ်ချက်နဲ့ ရုရှားနဲ့ ဆီးရီးယားတပ်တွေက လေကြောင်းတိုက်ခိုက်တာတွေ တိုးလုပ်ခဲ့လို့ လတ်တလော သီတင်းပတ်တွေအတွင်း အိဒလစ်ဘ်ခရိုင်ကနေ ထောင်သောင်းချီတဲ့လူတွေ ထွက်ပြေးခဲ့ကြပါတယ်။ ကျန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဆီးရီးယား အစိုးရတပ်တွေက မြို့ ၆ မြို့ သိမ်းပိုက်ခဲ့တယ်လို့ စစ်ပွဲ စောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့ ဆီးရီးယား လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့က တနင်္ဂနွေနေ့မှာ ပြောပါတယ်။ ဒမတ်စကတ်မြို့နဲ့ အလဲ့ပိုမြို့တွေကို ချိတ်ဆက်ထားတဲ့ အဝေးပြေးလမ်းပေါ်က အိဒလစ်ဘ်မြို့ရဲ့ ဗျူဟာမြောက် အချက်အချာနေရာ မားရတ် အယ်လ်နူမန် ရပ်ကွက်ရဲ့ အစွန်အဖျားတွေကို အာဆတ်ရဲ့ တပ်တွေက သိမ်းနိုင်ဖို့ အစိုးရတပ်က ထိုးစစ်ဆင်သလို ရုရှားက အကြီးအကျယ် လေကြောင်း ပစ်ကူပေးခဲ့တယ်လို့ အဲဒီအဖွဲ့က ပြောပါတယ်။ ဆီးရီးယားစစ်ပွဲမှာ ရုရှားနဲ့ တူရကီတို့က ဆန့်ကျင်ဘက်အဖွဲ့တွေကို ကျောထောက်နောက်ခံပေးထားပြီး ဇန်နဝါရီ ၁၂ ရက်က အပစ်အခတ်ရပ်စဲကြောင်း သဘောတူထားပေမယ့် သူပုန်တွေ ထိန်းချုပ်ထားတဲ့ ပိုင်နက်တွေကို ထိုးစစ်ဆင်မှု တိုးနေပါတယ်။
3 years Ago
Up