close

ထိပ်ဆုံး ၄ သင်း

close

December 26, 2022

ထိပ်ဆုံး ၄ သင်းဝင်ရေး ဖိအားရှိနေဟု မန်ယူနည်းပြ တန်ဟတ်ဂ်ပြော

မန်ချက်စတာယူနိုက်တက်အနေနဲ့ ဈေးကွက်မပိတ်သိမ်းခင် ငွေကြေးအများအပြားသုံးစွဲပြီး ကစားသမားခေါ်ယူခဲ့တယ်ဆိုတာကို သိထားပြီး ထိပ်ဆုံးလေးသင်းမှာ နေရာယူနိုင်ဖို့ ဖိအားတွေရှိခဲ့တယ်လို့ နည်းပြ တန်ဟတ်ဂ်က ပြောပါတယ်။

“ကျနော်တို့ ထိပ်ဆုံးလေးနေရာအတွက် တွန်းအားပေးဖို့ လိုတယ်ဆိုတာ နားလည်ပါတယ်။ ပြိုင်ပွဲက ခက်ခဲတယ်။ ဒါပေမဲ့ ထိပ်ဆုံးလေးနေရာအတွက် ပြိုင်နေတဲ့ ကလပ်တွေက ၇ သင်း၊ ၈ သင်းလောက် ရှိမယ်ထင်တယ်” လို့လည်း ဆိုပါတယ်။

တန်ဟတ်ဂ်ဟာ သူ့ရဲ့ တာဝန်၊ ယူနိုက်တက်လို ထိပ်တန်းကလပ်ကို နည်းပြရတဲ့ ဖိအားတွေကို ကောင်းကောင်းနားလည်ထားပေမဲ့ သူ့အသင်းဟာ စိန်ခေါ်မှုအတွက် ပြင်ဆင်ထားပြီး ဖြစ်တယ်လို့ ပြောပါတယ်။

ယူနိုက်တက်ဟာ ပေါင်သန်း ၂၀၀ အသုံးပြုပြီး လက်ရှိဘောလုံးရာသီ မတိုင်မီက အာဂျင်တီးနား ကမ္ဘာ့ဖလားချန်ပီယံဖြစ်လာသူ လီဆန်ဒရိုမာတီနက်ဇ်နဲ့ နယ်သာလန် နောက်ခံလူ တိုင်ရဲလ်မာလာစီယာတို့ကို ခေါ်ယူခဲ့ပါတယ်။

ဧပြီလကမှ ပြောင်းရွှေ့လာတဲ့ နည်းပြ တန်ဟတ်ဂ်ဟာ ပြီးခဲ့တဲ့ရာသီက အမှတ်ပေးဇယားမှာ ရလဒ်ဆိုးရွားခဲ့တဲ့ ယူနိုက်တက်အသင်းကို အပြောင်းအလဲတွေအများကြီး ပြုလုပ်ပြီး ပြင်ဆင်ခဲ့ပါတယ်။

အသင်းအနေနဲ့ လက်ရှိ အမှတ်ပေးဇယား အဆင့် ၅ မှာ ရပ်တည်နေပြီး အဆင့် ၄ နေရာက စပါးအသင်းထက် တပွဲလျော့ ၃ မှတ်ကွာ အနေအထားမှာ ရှိနေပြီး အမှတ်ပေးဇယားထိပ်က အာဆင်နယ်နဲ့ ၁၁ မှတ် ကွာဟနေပါတယ်။

3 mins Ago
Up