close

ထိပ်တိုက်တွေ့

close

May 28, 2022

ချီလီတွင် ဆန္ဒပြကျောင်းသားများနှင့် ရဲများ ထိပ်တိုက်တွေ့

ချီလီနိုင်ငံ ဆန်တီယာဂိုမြို့ရဲ့လမ်းမတွေပေါ်မှာ မေ ၂၇ ရက်က ကျောင်းသားတွေနဲ့ အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေ ထိပ်တိုက်တွေ့ပြီး ပညာရေးအတွက် အရင်းအမြစ်တွေ ပိုမိုတောင်းဆိုဖို့ ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသူတွေကို လူစုခွဲဖို့ မီးသတ်ပိုက်ကို အသုံးပြုခဲ့ပြီး ဆန္ဒပြလူအုပ်တစုဟာ ရဲကားတစီးကို တုတ်တွေနဲ့ တိုက်ခိုက်နေတာနဲ့ နောက်လူအုပ်ကလည်း ရဲအရာရှိတွေ ရှိတဲ့ဘက်ကို ဓာတ်ဆီပုလင်းဗုံး  (Molotov Cocktail)ကို ပစ်လိုက်တာတွေကို မြင်တွေ့ရပါတယ်။ 

ဆန္ဒပြပွဲအနီးမှာ ဘတ်စ်ကားတစ်စီးကိုလည်း မီးရှို့ခံထားရပြီး မော်တော်ယာဉ်ကို မီးရှို့ ဖျက်ဆီးတဲ့ တရားခံကို အာဏာပိုင်တွေ ရှာမတွေ့သေးပါဘူး။ 

ဒါဟာ မြို့တော်မှာ လက်ဝဲသမ္မတ ဂါဘရီရယ်ဘိုးရစ်အစိုးရကို ဆန္ဒပြတဲ့ ဒုတိယအကြိမ် ကျောင်းသားဆန္ဒပြပွဲ ဖြစ်ပါတယ်။ 

2 months Ago

October 9, 2020

ဘာလင်တွင် ကျူးကျော်နေထိုင်သူများကို နှင်ထုတ်၊ ဆန္ဒပြသူများနှင့်ရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့

ဂျာမနီနိုင်ငံ မြို့တော်ဘာလင်မှာ အောက်တိုဘာ ၉ ရက်အစောပိုင်းက အိမ်ရာစီမံကိန်းမှာ ကျူးကျော်နေထိုင်သူတွေကို  နှင်ထုတ်ရာကနေ လက်ဝဲစွန်း ဆန္ဒပြသူတွေနဲ့ ရဲတွေ ထိပ်တိုက်ဖြစ်ခဲ့ ပါတယ်။ နှင်ထုတ်မယ့်ကိစ္စကို မနက်အစောပိုင်းမှာ လူ ၃၀၀ ခန့် စုဝေး ဆန့်ကျင်ဆန္ဒပြသလို တချို့ကလည်း နှင်ထုတ်တာကို တားမြစ်ဖို့ ကြိုးပမ်းကြပါတယ်။  ဘာလင်မြို့ ဖရိဒရစ်ဆာခရိုင် လီဘစ် ၃၄  အိမ်ရာစီမံကိန်းဟာ နှစ် ၃၀ လောက် ရှိပြီ ဖြစ်ပေမဲ့  ၂၀၁၈ မှာ အိမ်ရှင်တွေနဲ့ အငှားသဘောတူညီချက်  သက်တမ်းကုန်ခဲ့ပါတယ်။  အဲဒီအချိန်ကတည်းက့ ကျူးကျော်နေသူ အယောက် ၃၀၊ ၄၀ ရှိနေတာပါ။ လီဂါလမ်းထောင်မှာလည်း ကျူးကျော်နေထိုင်ကြတဲ့ အဆောက်အအုံတွေရှိနေပြီး လက်ဝဲစွန်း ဆန္ဒပြသူတွေနဲ့ ရဲတွေအကြား ဆယ်စုနှစ်တခုကျော် ထိပ်တိုက်တွေ့တာတွေ ရှိနေ ပါတယ်။ အဲဒီနောက် လီဘစ် ၃၄  အိမ်ရာစီမံကိန်းမှာ သီးသန့်နယ်မြေဆိုတဲ့ ဆိုင်းဘုတ်ကို ထူပြီး ဂျာမန်ရဲဝန်ထမ်းအင်အား  ၁၅၀၀ လောက်နဲ့ ကျူးကျော်နေသူတွေကို့ စတင် ရှင်းလင်းခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
2 years Ago
Up