close

ထိုခွီဆိုကျေးရွာ

close

November 29, 2021

ဖရူဆိုမြို့နယ်စစ်ရှောင်နေထိုင်ရာ ထိုခွီဆိုကျေးရွာတွင် ဖဲကြိုးဖြူလှုပ်ရှားမှု ပြုလုပ်

အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ ဖဲကြိုးဖြူလှုပ်ရှားမှုအား စစ်ဘေးရှောင်တွေရှိတဲ့ ဖရူဆိုမြို့နယ်၊ ထိုခွီဆိုကျေးရွာမှာ နိုဝင်ဘာ ၂၈ ရက်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။

ပြစ်ဒဏ်ကင်းလွတ်ခွင့် အလေ့အထအမြစ်ဖြတ်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအဆုံးသတ် ဆောင်ပုဒ်နဲ့ အမျိုးသမီးများအတွက် အမျိုးသမီးဖောင်ဒေးရှင်း (WWF)၊ Burmes Women Union (BWU)  နဲ့  ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO) ပူးပေါင်း လုပ်ဆောင်ခဲ့တာပါ။

ဒီအခမ်းအနားမှာ ပညာပေးတာ၊ တိုက်ပွဲအတွင်း အိုးအိမ်စွန့်ခွာ ရှောင်တိမ်းနေရတဲ့ စစ်ရှောင်အမျိုးသမီးတွေ  ကြုံတွေ့နေရတဲ့  အခက်ခဲ အကျပ်တည်းတွေကို  ရင်ဖွင့်ပြောပြတာနဲ့ ဆွေးနွေးနှစ်သိမ့်တဲ့ အစီအစဉ်တွေ ပြုလုပ်ခဲ့ပါတယ်။

အဆိုပါ လှုပ်ရှားမှုမှာ တိုက်ပွဲကြောင့် တိမ်းရှောင်နေကြရတဲ့ စစ်ဘေးရှောင်တွေနဲ့ ဒေသခံရွာသားတွေ ပါဝင်ခဲ့ကြပါတယ်။

2 mins Ago
Up