close

ထိုင်ဝမ်အရေး

close

October 23, 2021

ထိုင်ဝမ်အရေး ပြည်ပဝင်စွက်မှုအားလုံးကို တရုတ်က ဆန့်ကျင်ကန့်ကွက်မည်

ထိုင်ဝမ်လွတ်လပ်ရေးကို လိုလားတဲ့ ခွဲထွက်ရေးလှုပ်ရှားမှုအပါအဝင် တရုတ်-ထိုင်ဝမ်ရေလက်ကြား အရေးကိစ္စတွေမှာ နိုင်ငံခြားစွက်ဖက်မှု မှန်သမျှကို တရုတ်က လုံးဝဆန့်ကျင် ကန့်ကွက်တယ်လို့ နိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝေါင်ဝန်ဘင်က အောက်တိုဘာ ၂၂ ရက်က ပြောကြားခဲ့ပါတယ်။ 

အမေရိကန်ဟာ ထိုင်ဝမ်ကို ကာကွယ်ဖို့ ကတိကဝတ် ရှိထားတယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က မကြာသေးမီက ပြောကြားခဲ့အပေါ် ပေကျင်းမြို့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ တရုတ်ပြောရေးဆိုခွင့်ရှိသူက တုံ့ပြန်ပြောဆိုလိုက်တာပါ။

ထိုင်ဝမ်ဟာ တရုတ်ပိုင်နက်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ထိုင်ဝမ်ပြဿနာဟာ နိုင်ငံခြားရေး ၀င်ရောက်စွက်ဖက်မှုကို ခွင့်မပြုတဲ့ တရုတ်ပြည်တွင်းရေး သက်သက်သာဖြစ်တယ်လို့ ဝေါင်ဝန်ဘင်က ပြောပါတယ်။ 

တရုတ်ရဲ့ အချုပ်အခြာအာဏာ၊ နယ်မြေတည်တံ့ခိုင်မြဲရေးနဲ့ တခြားအဓိကအကျိုးစီးပွားတွေအပေါ် ဦးတည်နေတဲ့ ကိစ္စရပ်တွေမှာ တရုတ်ဆီက ဘယ်လိုအပေးအယူ၊ ဘယ်လို သဘောတူညီချက်မျိုး ကိုမှ မျှော်လင့်မနေနဲ့လို့လည်း ဆိုပါတယ်။ 

သူတို့ရဲ့အမျိုးသားအချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်ဆိုင်မှုတို့ကို ကာကွယ်မယ့် တရုတ်လူမျိုးတွေ ရဲ့ ဆုံးဖြတ်ချက်၊ ဆန္ဒနဲ့စွမ်းရည်ကို ဘယ်သူမှလျှော့မတွက်သင့်ဘူးလို့လည်း ဆိုပါတယ်။  လူဦးရေ ၁ ဒသမ ၄ ဘီလီယံနဲ့  ဆန့်ကျင်ဘက်မလုပ်နဲ့လို့လည်း တရုတ်က အမေရိကန်ကို သတိပေး ပြော ဆိုပါတယ်။ 

1 week Ago

November 19, 2019

ထိုင်ဝမ်အရေး သတိထားကိုင်တွယ်ရန် တရုတ်အစိုးရက အမေရိကန်စစ်တပ်ကို သတိပေး

ထိုင်ဝမ်နဲ့ ပတ်သက်တဲ့ ကိစ္စတွေကို သတိထား ကိုင်တွယ်ဖို့နဲ့ တောင်တရုတ်ပင်လယ်အတွင်း အင်အားပြတာ ရပ်တန့်ဖို့ တရုတ်အစိုးရက အမေရိကန် စစ်တပ်ကို ဆော်သြလိုက်ပါတယ်။  နိုဝင်ဘာ ၁၈ ရက်က ကျင်းပတဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ကာကွယ်ရေး အကြီးအကဲတွေ ဆွေးနွေးပွဲအတွင်း ခုလို ပြောလိုက်တာပါ။  တောင်တရုတ်ပင်လယ်အတွင်း တင်းမာမှု တိုးလာအောင် ရန်မစဖို့ တရုတ် ကာကွယ်ရေး ဝန်ကြီး ဝေဖှုန်းဟော့က အမေရိကန် ကာကွယ်ရေးဝန်ကြီး မာ့ခ် အဲ့စ်ပါကို ပြောခဲ့တယ်လို့ တရုတ် ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဝူချန်းက ပြောပါတယ်။ အမေရိကန်ကတော့ ချက်ချင်း မတုံ့ပြန်သေးပါဘူး။ ဒါပေမဲ့ တရုတ်ဟာ တောင်တရုတ်ပင်လယ်ထဲမှာ စစ်ရေးအားဖြည့်နေတယ်လို့ အမေရိကန်က စွပ်စွဲခဲ့ဖူးပါတယ်။ ဒါဟာ ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံး နှစ်နိုင်ငံကြား တင်းမာမှု မြင့်လာတာကို မီးမောင်းထိုးပြတာလည်း ဖြစ်ပါတယ်။ ဒေသတွင်းမှာ ဗျူဟာမြောက် ရည်ရွယ်ချက်တွေနဲ့ အသာစီးရအောင်လုပ်ဖို့ တရုတ်ဟာ အကျပ်ကိုင် ခြိမ်းခြောက်တာတွေ တိုးလုပ်နေတယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးက နိုဝင်ဘာ ၁၇ မှာ ပြောခဲ့ပါတယ်။
2 years Ago
Up