close

ထိုင်ဝယ်

close

August 11, 2022

တရုတ်၏ ‘တနိုင်ငံ၊ စနစ်နှစ်ခု’ ပုံစံကို ထိုင်ဝမ် ပယ်ချ

ဒီသီတင်းပတ်မှာ ထုတ်ဝေတဲ့ စက္ကူဖြူစာတမ်းမှာ ပေကျင်းက တင်ပြတဲ့ ‘တနိုင်ငံ၊ စနစ်နှစ်ခု’ ပုံစံကို ထိုင်ဝမ်က ပယ်ချလိုက်ကြောင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရကျွန်းရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက သြဂုတ် ၁၁ ရက်မှာ ပြောကြားလိုက်ပါတယ်။

“ရေလက်ကြားရဲ့ ဟိုဘက်ဒီဘက် တိုင်ပေနဲ့ တရုတ်ဟာ တခုနဲ့တခု ဆက်စပ်မှုမရှိတဲ့အတွက် ‘တနိုင်ငံ၊ စနစ်နှစ်ခု’ ပုံစံကို ငြင်းပယ်ပါကြောင်း” ထိုင်ဝမ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ JOANNE OU က မြို့တော်တိုင်ပေက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ထိုင်ဝမ်ပြည်သူတွေကသာ ထိုင်ဝမ်ရဲ့အနာဂတ်ကို ဆုံးဖြတ်နိုင်ကြောင်းနဲ့ ပြည်သူတွေက ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရသာလျှင် နိုင်ငံတကာ အသိုင်းအဝိုင်းမှာ ထိုင်ဝမ်ပြည်သူတွေကို ကိုယ်စားပြုနိုင်မှာ ဖြစ်ကြောင်းလည်း သူက ဆိုပါတယ်။

တရုတ်နိုင်ငံရဲ့ ထုတ်ပြန်ချက်ဟာ ရေလက်ကြား ၂ ခုမှာရှိတဲ့ အဖြစ်မှန်နဲ့ အမှန်တရားကို ဆန့်ကျင်ပြီး နိုင်ငံတကာဥပဒေကိုလည်း ဆန့်ကျင်နေကြောင်းနဲ့ ထိုင်ဝမ်ပြည်သူတွေကို ခြိမ်းခြောက်ဖို့ ပုံမှန်အခြေအနေသစ်ကို ဖန်တီးဖို့အတွက် အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပေလိုစီရဲ့ ထိုင်ဝမ်ခရီးစဉ်ကို အကြောင်းပြချက်တခုအနေနဲ့ အသုံးချခဲ့တာ ဖြစ်ကြောင်း ပြောသွားပါတယ်။

သြဂုတ် ၁၀ ရက်က တရုတ်စစ်တပ်ဟာ ထိုင်ဝမ်တဝိုက်မှာ အမျိုးမျိုးသော လုပ်ငန်းတာဝန်တွေကို ပြီးမြောက်အောင် လုပ်ဆောင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့လည်း ပုံမှန်ကင်းလှည့်မှုတွေကို ပြုလုပ်သွားမှာဖြစ်ပြီး ပေကျင်းက ကျွန်းအပေါ် ဖိအားတွေကို ဆက်ထိန်းထားမယ်လို့ ဆိုပါတယ်။

15 mins Ago
Up