close

ထိုင်းကော်ဖီဆိုင်

close

February 1, 2022

ခရစ်တိုငွေကြေးဖန်သားပြင်များဖြင့် ဆွဲဆောင်ထားသည့် ထိုင်းကော်ဖီဆိုင်

ထိုင်းနိုင်ငံ နဂရရာဇသီမာ ဒေသနယ်ရှိ ကော်ဖီဆိုင်တဆိုင်ဟာ ခရစ်တိုငွေကြေး (cryptocurrency) ဆိုင်ရာ ဒေတာအချက်လက်တွေဖော်ပြတဲ့ တီဗွီဖန်သားပြင်တွေ တပ်ဆင်ပြီး စားသောက်သူတွေကို  ဆွဲဆောင်ထားပြီး အမြတ်ငွေများစွာ ရရှိနေပါတယ်။

HIP Coffee & Restaurant  ဆိုတဲ့ဆိုင်ဟာ ၂၀၁၃ မှာ စဖွင့်ခဲ့ပေမဲ့ လူသိမများလှပါဘူး။ ၂၀၂၀ မှာ ခရစ်တိုဒေတာ  တီဗွီစခရင်တွေ အများအပြား တပ်ဆင်လိုက်တဲ့နောက်မှာ၊ ခရစ်တိုငွေကြေး စိတ်ဝင်စားသူတွေရော စားသောက်သူတွေပါ ဝင်လာမစဲ  တသဲသဲ ဖြစ်နေတာပါ။ 

တီဗွီမျက်နှာပြင်တွေမှာ ကမ္ဘာ့ခရစ်တိုငွေကြေး အမျိုးမျိုးရဲ့ ဈေးနှုန်းတွေနဲ့ နောက်ဆုံးအခြေအနေ တွေကို ပြထားပါတယ်။

အသက်  ၂၃ နှစ်ရှိ တက္ကသိုလ်ကျောင်းသား ခရစ်တိုရောင်းဝယ်သူ Apakon Putnok က ပြီးခဲ့တဲ့နှစ်တွေမှာ ထိုင်းစီးပွားရေးကျနေချိန် ဒီဆိုင်က သူ့ကို အများကြီး ကူညီခဲ့တယ်လို့ ပြောပါတယ်။ သူက ၅  နှစ်အတွင်း ခရစ်တို ကစားပြီး ဒေါ်လာ  ၁ သိန်းကျော် ရရှိထားသူပါ။

ဆိုင်မန်နေဂျာ ဥက္ကာရဝတ်က ဆိုင်ကိုလာတဲ့သူတွေမှာ သုံးမျိုးသုံးစားရှိပြီး ပထမတမျိုးက ခရစ်တို ကစားမှု ကျွမ်းကျင်ပြီးသားသူတွေ၊ ဒုတိယတမျိုးက ရင်းနှီးမြှုပ်နှံမှု စတင်ချင်လို့ မိတ်သစ်လာဖွဲ့သူတွေ၊ တတိယက ခရစ်တိုအကြောင်း ဘာမှမသိ ဓာတ်ပုံလာရိုက်သူတွေလို့ ပြောပါတယ်။

ထိုင်းနိုင်ငံမှာ ခရစ်တိုငွေကြေးက အရှိန်အဟုန်ရနေပြီး ပြီးခဲ့တဲ့နိုဝင်ဘာလမှာ အွန်လိုင်းကနေ ရောင်းဝယ်မှု ဒေါ်လာ ၇ ဒသမ ၆၂ ဘီလီယံ အထိ ရှိတယ်လို့ အစိုးရ ငွေကြေးရောင်းဝယ်မှုဌာနက ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ မကြာခင်က ခရစ်တိုဈေးနှုန်း ကျဆင်းမှုကြေင့် ဈေးကွက်မတည်ငြိမ်မှု ရှိနေပါတယ်။

3 mins Ago

March 21, 2020

လူချင်းထိတွေ့မှု ရှောင်ရှားရန် ထိုင်းကော်ဖီဆိုင် ကြိုးစက်သီးသုံး ဝန်ဆောင်မှုပေးနေ

လူတဦးနဲ့တဦး ထိတွေ့တာကို ရှောင်တဲ့အနေနဲ့ ထိုင်းကော်ဖီဆိုင်တခုဟာ ကြိုးနဲ့စက်သီးကို သုံးပြီး ဝန်ဆောင်မှု ပေးနေပါတယ်။ ဒီလိုလုပ်တဲ့အတွက် ဈေးဝယ်သူနဲ့ ဆိုင်ဝန်ထမ်း နှစ်ဦးစလုံး ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်နိုင်ခြေကို လျော့နည်းစေပါတယ်။   Art of Coffee ဆိုင်ပိုင်ရှင်က အဲဒီလို ရောဂါကူးစက်မှုထိန်းချုပ်တဲ့ အိုင်ဒီယာကို တရုတ်ပြည်ကနေ ရတယ်လို့ ဆိုပါတယ်။  တရုတ်ပြည်မှာ အဲဒီနည်းနဲ့ ဗိုင်းရပ်စ်ထိန်းချုပ်တာ အကျိုးများတယ်ဆိုပြီး ကြားသိရတယ်လို့ သူကပြောပါတယ်။  အဲဒီလို စက်သီးတပ်ကြိုးမှာ ထည့်စရာတခုကို ချိတ်ပြီး ကော်ဖီ၊ ငွေစက္ကူနဲ့ ငွေအကြွေတွေကို အပေးအယူလုပ်တာပါ။  ဒါ့အပြင် ပိုးမွှားကူးစက်ရာ ရင်းမြစ်ဆိုပြီး တချို့လူတွေ ယုံကြည်ကြတဲ့ ငွေစက္ကူကို ဆိုင်ဝန်ထမ်းတွေ ထိတွေ့စရာမလိုအောင် အွန်လိုင်းငွေပေးချေမှုနဲ့ ဒါမှမဟုတ် QR code ပေးချေမှုကိုလည်း ဆိုင်က တောင်းဆိုထားပါတယ်။  ဒါဟာ  လူလူချင်း ထိတွေ့မှာ စိုးရိမ်စိတ်ကို ဖယ်ရှားပေးတယ်ဆိုပြီး  ဝယ်သူတွေကလည်း Art of Coffee ဆိုင်ရဲ့ အစီအစဉ်ကို ကြိုဆိုလက်ခံကြတယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။ 
2 years Ago
Up