close

ထိုင်းစစ်တပ် ဖမ်း

close

December 19, 2021

တိုက်ပွဲဖြစ်ချိန် တရားမဝင် ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၃၆ ဦး ကို ထိုင်းစစ်တပ် ဖမ်းဆီး

မြန်မာ-ထိုင်းနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲမှာ တိုက်ပွဲဖြစ်ပွားနေချိန် ထိုင်းနိုင်ငံဘက်ကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၃၆ ယောက်ကို ထိုင်းစစ်တပ်က ဖမ်းဆီးလိုက်ပါတယ်။

ဖမ်းဆီးရမိတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို ထိုင်းရဲတပ်ဖွဲ့ထံ အပ်နှံလိုက်ပြီး  ထိုင်းနိုင်ငံဥပဒေနဲ့အညီ အရေးယူသွားမယ်လို့  တာခ်ခရိုင်၊ ဖုတ်ဖရမြို့မရဲစခန်းမှာ ဒီဇင်ဘာ ၁၉ ရက်က လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

ဖမ်းမိတဲ့ ရွှေ့ပြောင်းမြန်မာနိုင်ငံသားတွေဟာ  ရခိုင်ပြည်နယ်ဘက်က လာကြသူတွေဖြစ်ပြီး မြဝတီ လေးကေ့ကော်ဘက်ကနေ ထိုင်းနိုင်ငံဘက် ခိုးဝင်လာစဉ် နယ်စပ်အကျော်မှာ ထိုင်းစစ်တပ်က ပြည်ဝင်ခွင့်စာရွက်စာတမ်း မရှိတာကြောင့် ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ထိုင်း-မြန်မာနယ်စပ် မြဝတီခရိုင် လေးကေ့ကော်မြို့သစ်တဝိုက်မှာ ဒီဇင်ဘာ ၁၅ ရက်ကစပြီး စစ်ကောင်စီတပ်နဲ့ KNLA တို့ တိုက်ပွဲဖြစ်နေပြီး ဒီနေ့ညနေပိုင်းမှာလည်း ဆက်လက်ဖြစ်ပွားနေတာကြောင့် စစ်ဘေးရှောင်တွေ ထိုင်းဘက် ထွက်ပြေးနေကြပါတယ်။

9 mins Ago
Up