close

ထိုင်းတော်ဝင်ရဲတပ်ဖွဲ့

close

October 11, 2022

ထိုင်းမူကြိုကျောင်းပစ်ခတ်ခံရမှုမှ ကျန်ရစ်သူမိသားစုများကို တော်ဝင်ရဲတပ်ဖွဲ့က ဘတ် ၉ သန်း ကျော် ပေးအပ်

ထိုင်းနိုင်ငံမူကြိုကျောင်း ပစ်ခတ်ခံရမှုမှာ သေဆုံးသွားခဲ့ကြသူတွေရဲ့ ကျန်ရစ်သူ မိသားစုဝင်တွေကို ဘတ် ၉ သန်းကျော် လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့က ပြောပါတယ်။

ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ ရဲချုပ် ဒမ်ရွန်ဆက်ခ် ခစ်ထီပရာပတ်စ်က ခုလိုလှူဒါန်းမှုဟာ ရဲတပ်ဖွဲ့၊ အများပြည်သူနဲ့ ပုဂ္ဂလိက အလှူရှင်တွေဆီကဖြစ်ပြီး အောက်တိုဘာ ၁၀ ရက်မှာ ဘတ် ၉ သန်းကျော်သွားခဲ့တယ်လို့ ပြောပါတယ်။ 

“ရဲတပ်ဖွဲ့က ကျန်ရစ်သူ မိသားစုဝင်တွေဆီကို အောက်တိုဘာ ၁၁ ရက်မှာ လွှဲပြောင်းပေးအပ်သွားမှာပါ။” 

ဒါ့အပြင် ခုလိုထောက်ပံ့လှူဒါန်းသူတွေအနေနဲ့ စိတ်ချယုံကြည်ရတဲ့ အဖွဲ့အစည်းတွေကတဆင့် လှူဒါန်းကြဖို့လည်း အကြံပြုထားပြီး ဒီအဖြစ်ဆိုးအပေါ် အခွင့်ကောင်းယူချင်ကြတဲ့ ရာဇဝတ်ကောင်တွေကိုလည်း သတိပြုကြဖို့ အကြံပေးထားပါတယ်။ 

စိတ်သောကရောက်နေကြတဲ့ သေဆုံးသူတွေရဲ့ ကျန်ရစ်တဲ့ ဆွေမျိုးသားချင်းတွေရဲ့ ဝေဒနာတွေ သက်သာရာရစေဖို့အတွက် နိုင်ငံတော်ရဲတပ်ဖွဲ့ရဲ့ ဘဏ်အကောင့်ကတဆင့် ငွေသားလှူဒါန်းနိုင်ကြောင်းလည်း သူက ပြောပါတယ်။ 

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ထိုင်းနိုင်ငံ၊ နောင်ဘိုလမ်းဖူးခရိုင်၊ ဥထိုင်းဆဝမ် မူကြိုကလေးထိန်းကျောင်းထဲကို အသက် ၃၄ နှစ်အရွယ် ထိုင်းရဲဝန်ထမ်းဟောင်း သေနတ်သမားတဦး ဝင်ရောက်ပစ်ခတ်မှုမှာ ကလေး သူငယ် ၂၄ ယောက်အပါအဝင် စုစုပေါင်း ၃၆ ယောက် သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

6 mins Ago
Up