close

ထိုင်းနယ်ခြားစောင့်တပ်

close

April 15, 2022

ထိုင်းနယ်ခြားစောင့်တပ်၊ KNLA နှင့် စစ်ကောင်စီတပ်တို့ ၃ ပွင့်ဆိုင် အလွတ်သဘောတွေ့ဆုံ

ထိုင်းနယ်ခြားစောင့်တပ်၊ KNLA တပ်နဲ့ စစ်ကောင်စီတပ်တို့မှ တပ်ပိုင်းဆိုင်ရာတာဝန်ရှိသူတွေ  မြန်မာ-ထိုင်းနယ်ခြား သောင်းရင်းမြစ်အနီး (ထိုင်းဘက်ခြမ်း)မှာ ဧပြီ ၁၅ ရက် မနက်ပိုင်းက သုံးပွင့်ဆိုင် အလွတ်သဘောတွေ့ဆုံခဲ့ကြတယ်လို့ ထိုင်းသတင်းတရပ်က ဖော်ပြထားပါတယ်။

မြန်မာ-ထိုင်း ချစ်ကြည်ရေး အဓွန့်ရှည်ရေး ရည်ရွယ်ချက်နဲ့ နှစ်သစ်ကူးအခါသမယမှာ အခုလို တွေ့ဆုံခဲ့ကြတာပါ။

တွေ့ဆုံပွဲကို ထာ့ဆောင်ရမ်းမြို့နယ်အခြေစိုက် ထိုင်းနယ်ခြားစောင့်တပ် ၊ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၇) ဗျူဟာမှူး ဗိုလ်မှူးကြီးစောဒီးကွယ်နဲ့ စစ်ကောင်စီရဲ့(မဲသဝေါအခြေစိုက်တပ်)တပ်ရင်းမှူးတစ်ဦးတို့  တက်ရောက် ခဲ့ကြတာပါ။

နှစ်သစ်မင်္ဂလာတွေ့ဆုံပွဲကို တက်ရောက်လာတဲ့ KNLA နဲ့ စစ်ကောင်စီတပ်မှူး တို့ကို ထိုင်းနယ်ခြားစောင့်တပ်က နှစ်သစ်လက်ဆောင် ပေးအပ်ခဲ့တယ်လို့ ထိုင်းသတင်းမှာ ဖော်ပြထားပါတယ်။

photo- ထိုင်းသတင်းဌာန

57 seconds Ago
Up