close

ထိုင်းရဲ ဖမ်းဆီး

close

October 21, 2022

ကားဘော်ဒီလျှို့ဝှက်အပေါက်ထဲမှ လိုက်ပါလာသည့် မြန်မာမိန်းကလေး ၂ ဦးကို ထိုင်းရဲ ဖမ်းဆီး

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်ထဲမှာ ကားဘော်ဒီလျှို့ဝှက်အပေါက်ထဲကနေ တရားမဝင်လိုက်လာတဲ့ မြန်မာမိန်းကလေး ၂ ဦးကို တွေ့ရှိဖမ်းဆီးခဲ့တယ်လို့ ထိုင်းမှုခင်းသတင်းမှာ ဖော်ပြပါတယ်။

အောက်တိုဘာ ၁၉ ရက်က နယ်စပ်လုံခြုံရေးတပ်နဲ့ နယ်မြေခံရဲတပ်ဖွဲ့ပါ ပူးပေါင်းအဖွဲ့ဟာ  မဲဆောက် - တာ့ခ်သွား ကားလမ်းမကြီးပေါ်ရှိ ဒန်မဲ့လမော့အုပ်စု ဟွေ့ယအုစစ်ဆေးရေးဂိတ်မှာ ယာဉ်အသွားအလာတွေ စောင့်ကြပ်စစ်ဆေးစဉ် မဲဆောက်ဘက်ကလာတဲ့ အဖြူရောင် အီဆူးဇူးဟိုင်းလပ်ကား ၁ စီးကိုလည်း ရပ်တံ့စစ်ဆေးခဲ့ပါတယ်။ 

ကားရှေ့ခန်းမှာ ယာဉ်မောင်းနဲ့ အမျိုးသားအဖော်တဦးလိုက်ပါလာပြီး ဥပဒေမဲ့ပစ္စည်းတွေ မပါရှိတာကြောင့် သွားခွင့်ပြုလိုက်ပါတယ်။

အဆိုပါယာဉ်ထွက်ခါနီးမှာ ရဲတပ်ဖွဲ့ဝင် တယောက်က ကားနောက်ခန်းကားဘော်ဒီမှာ ပုံမှန် မဟုတ်တာကိုတွေ့ရှိတာကြောင့် ဒုတိယအကြိမ်ပြန်စစ်ဆေးပြီး ရာဘာအခင်းကို ခွါကြည့်ရာမှာတော့ ဆက်ရာတွေ့ရှိပြီး ခွာကြည့်လိုက်ရာ လျှိ့ဝှက်အပေါက်ထဲမှာ မိန်းကလေး နှစ် ယောက် လဲလျောင်းလိုက်ပါလာတာကို အံ့ဩစွာတွေ့လိုက်ရတယ်လို့ ဆိုပါတယ်။

မိန်းကလေး နှစ်ယောက်ဟာ ထိုင်းနိုင်ငံအတွင်းပိုင်းမှာ အလုပ်သွားလုပ်ဖို့ဖြစ်ပြီး လက်မှတ်အ ထောက်အထားမရှိတာကြောင့် အဖမ်းခံရမှာစိုးရိမ်ပြီးအခုလို လိုက်လာတာလို့ ဆိုပါတယ်။ 

တာဝန်ရှိသူတွေက ယာဉ်မောင်းနဲ့အဖော်ကိုရော၊ မိန်းကလေး နှစ်ယောက်ကိုပါ လဝကဥပဒေနဲ့ အရေးယူဖို့ ဖဝေါနယ်မြေရဲစခန်းကို ဆက်လက်ပို့ဆောင်ပေးလိုက်တယ်လို့ ဆိုပါတယ်။ 

မြန်မာပြည်မှာ စစ်အာဏာသိမ်းပြီးတဲ့နောက် တိုင်းပြည်မငြိမ်သက် ၊ စားဝတ်နေရေး ကျပ်တည်းပြီး ဘဝလုံခြုံမှုလည်းမရှိတာကြောင့် ပြည်သူတွေဟာ ပြင်ပကိုထွက်ပြီးရှာ ဖွေလုပ်ကိုင်လာကြရပြီး အထူးသဖြင့် ထိုင်းနိုင်ငံထဲကို ပုံစံအမျိုးမျိုးနဲ့ နေ့စဉ်ဝင်ရောက်ရာမှာ အဖမ်းဆီးခံရတာဖြစ်ပါတယ်။ 

4 mins Ago

July 30, 2020

ကန်ကျနပူရီတွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာ ၃၃ ဦးကို ထိုင်းရဲ ဖမ်းဆီး

ထိုင်းနိုင်ငံအနောက်မြောက်ပိုင်း ကန်ကျနပူရီခရိုင်ထဲမှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၃၃ ဦး  ဖမ်းဆီးခံရတယ်လို့ ကန်ကျနပူရီဒေသတွင်း သတင်းမှာ ဖော်ပြပါတယ်။  နယ်မြေထဲမှာ တဘက်နိုင်ငံကနေ တရားမဝင် ဝင်ရောက်လာမယ့်သူတွေရှိနေကြောင်း သတင်းရတဲ့အတွက် ကန်ကျနပူရီခရိုင် ဆိုင်းယုဒ်မြို့နယ် အုပ်ချုပ်ရေးဌာန၊ လုံခြုံရေးကောင်စီ၊ နယ်မြေခံရဲ၊ လဝကနဲ့ ပြည်သူ့စစ်တွေ ပါဝင်တဲ့အဖွဲ့ဟာ ဇူလိုင် ၂၉ ရက်ညက  ဆိုင်းယုဒ်မြို့နယ် ဆီရီမုံးခုံးအုပ်စုရှိ ဝပ်ကရထောင်းကျောင်းတိုက်ကို သွားရောက်စစ်ဆေးခဲ့ပါတယ်။  အဆိုပါကျောင်းတိုက်မှာ နယ်စပ်ကနေ တရားမဝင် ဝင်ရောက်လာပြီး ထိုင်းနိုင်ငံ အတွင်းပိုင်းဘက်ကို ဆက်လက်ဝင်ရောက်ဖို့ ရှိနေတဲ့ မြန်မာအလုပ်သမားနဲ့ မိသားစုဝင်တွေအပါ အဝင် စုစုပေါင်း ၃၃ ဦးကို ကား ၂ စီးနဲ့အတူ ဖမ်းဆီးရရှိခဲ့တာပါ။  တာဝန်ရှိသူတွေက သူတို့အားလုံးကို လဝက ဥပဒေ၊ ကိုဗစ်-၁၉ ကူးစက်ရောဂါတားဆီး ကာကွယ်ရေးဥပဒေတွေနဲ့ အရေးယူဖို့ ဆိုင်းယုဒ်ရဲစခန်းမှာ ခေါ်ယူထိန်းသိမ်းထားကြောင်း သတင်း ထောက်ကို ပြောပါတယ်။  ဇူလိုင် ၂၉ ရက်မှာပဲ  ဘန်ကောက်နယ်မြေအသီးသီးမှာ ဥပဒေနဲ့မညီတဲ့ နိုင်ငံခြား သားဖမ်းဆီးရရှိမှု၁၀ မှုရှိကြောင်း ထိုင်းလဝကရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပြောပါတယ်။  အဆိုပါ ၁၀ မှုထဲမှာ နိုင်ငံထဲ တရားမဝင် ဝင်ရောက်နေထိုင်သူနဲ့ မိမိတည်းခိုရာ နေရပ် လိပ်စာကို လဝကရုံးထံအကြောင်းကြားဖို့ ပျက်ကွက်သူ ပါကစ္စတန်နိုင်ငံသား ၃ ဦး၊ လာအို ၁ ဦး၊ ကမ္ဘောဒီးယား ၄ ဦး ပါဝင်ပြီး ဗီဇာသက်တမ်းကုန်သူ အိန္ဒိယနိုင်ငံသား ၂ ဦးနဲ့ အလုပ်သမား လက်မှတ် မရှိဘဲ အလုပ်ဝင်လုပ်နေသူ ဗီယက်နမ်နိုင်ငံသား ၁ ဦးတို့ပါဝင်ပါတယ်။  ဒါ့အပြင် ဥပဒေနဲ့မညီညွတ်တဲ့နိုင်ငံခြားသားကို တည်းခိုခွင့်ပြုသူ၊ နိုင်ငံခြားသားတွေ လုပ်ခွင့်မရှိတဲ့ အလုပ်မှာ ငှားရမ်းခန့်ထားသူနဲ့ တရားမဝင်ဝင်ရောက်နေထိုင်သူကို အလုပ်ငှားရမ်းထားသူ ထိုင်းအလုပ်ရှင် ၃ ဦးတို့ပါ ဖမ်းဆီးခံခဲ့ရပါတယ်။  ကိုးကား : Siameagle News / Thailandreport news
2 years Ago
Up