မြန်မာဘက်မှာ စစ်ကောင်စီတပ်နဲ့ ကေအန်ယူတို့ကြား တိုက်ပွဲတွေ စဉ်ဆက်မပြတ်ဖြစ်နေတဲ့အတွက် ဘေးအန္တရာယ်ကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ထိုင်းစစ်တပ်နဲ့ အုပ်ချုပ်ရေးဌာနတို့ပူးပေါင်းပြီး ဗုံးခိုကျင်းတွေ ပြုလုပ်ထားတယ်လို့ AEC ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
အဆိုပါဗုံးခိုကျင်းကို တာ့ခ်ခရိုင်၊ ထာ့ဆောင်ယန်းမြို့နယ်၊ ဘန့်ဆွန်အွဲ့အုပ်စု ဆေးရုံအနီးမှာ ပြုလုပ်ထားပြီး တကျင်းကို အကျယ် ၃ မီတာ ၊အလျား ၁၅ မီတာရှည်လျားကြောင်း ၊ တကျင်းမှာ လူ ၃၀ ဦး ဆံ့ပြီးခိုင်ခံ့လုံခြုံစွာပြု လုပ်ထားတဲ့အတွက် ပြည်သူတွေအနေနဲ့ စိတ်ချယုံကြည်စွာ ခိုအောင်းနိုင်မယ်လို့ ထိုင်းစစ်တပ်တာဝန်ရှိက သတင်းထောက်ကို ပြောပါတယ်။
အရေးပေါ်အခြေအနေဖြစ်ပေါ်က ဗုံးခိုကျင်းထဲဝင်ရောက်ခိုလှုံရမယ့် လေ့ကျင့်မှုတခုကိုလည်း ဧပြီလ ၃ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
မြန်မာဘက်ခြမ်းကတိုက်ပွဲတွေကြောင့် လက်ရှိ တာ့ခ်ခရိုင်၊ အုန်းဖန်မြို့နယ်၊ မဲ့ကျန်းအုပ်စု လေးတောင်တုရွာမှာ စစ်ဘေးရှောင်စုစုပေါင်း ၇၅၈ ဦးရောက်ရှိနေပါတယ်။
ဧပြီ ၃ ရက်နေ့မှာ နောက်ထပ် အမျိုးသား ၁၅ ယောက် အမျိုးသမီး ၁၉ ယောက်နဲ့ ကလေး ၆ ယောက် စုစုပေါင်း အယောက် ၄၀ လောက် စစ်ဘေးရှောင်လာပြီး ၂၃ ဦးကတော့ သူတို့သဘောနဲ့သူတို့ နေရပ်ပြန်သွားခဲ့ကြပြီလို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
Photo-AEC