close

ထိုင်းလေကြောင်းလိုင်း

close

October 29, 2021

ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအတွက် ထိုင်းလေကြောင်းလိုင်းများ အဆင့်သင့်ဖြစ်

ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို အားကိုးနေရတဲ့ ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပြီးသား နိုင်ငံခြားသားခရီးသည်တွေကိုရောဂါခြေချုပ်နဲ့ နေစရာမလိုဘဲ လာမယ့် သီတင်းပတ်က စပြီး ကြိုဆို တော့မှာပါ။

ဒါကြောင့် ထိုင်းလေကြောင်းလုပ်ငန်းက ခရီးစဉ်တွေ ပြန်ဖွင့်ရေးအတွက် အင်ဂျင်နီယာ၊ လေယာဉ်မှူးကနေ လေယာဉ်မောင်မယ်တွေထိ အသင့်ဖြစ်နေကြပြီလို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် တင်းကျပ်တဲ့ ပြည်ဝင်ခွင့် စည်းမျဉ်းတွေကို ချမှတ်ထားတာ ၁၉လ ရှိပါပြီ။

နိုဝင်ဘာလက စပြီး နိုင်ငံပေါင်း ၄၆ နိုင်ငံက ကာကွယ်ဆေး ထိုးပြီးသား ဆိုက်ရောက်လာသူ တွေဟာ ရောဂါခြေချုပ်နဲ့ နေစရာ မလိုဘဲ ပြည်ဝင်ခွင့် စတင် ခွင့်ပြုပေးတော့မယ်လို့ ဝန်ကြီးချုပ် ပရာယွင်္တသ် ချန်အိုချာက ဒီလထဲမှာ ကြေညာခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ ကပ်ဘေး မဆိုက်ခင် ၂၀၁၉ ခုနှစ်က ကမ္ဘာလှည့် ခရီးသည် သန်း ၄၀ လာရောက်လည်ပတ်ခဲ့ပြီး ဒီနှစ်အတွက်ကတော့ ခရီးသည် အယောက် တသိန်းရဖို့ ထိုင်းအစိုးရက ရည်မှန်းထားပါတယ်။

ထိုင်းဟာ ကိုဗစ်-၁၉ ကပ်ဘေးမဖြစ်ခင်က ခရီးသွားလုပ်ငန်းကနေ  တနှစ်ကို အမေရိကန်ဒေါ်လာ ဘီလီယံ ၅၀ ရတယ်လို့ ခန့်မှန်းထား ပါတယ်။

ကပ်ဘေးကြောင့် လေကြောင်းလိုင်းတွေက အကြီးအကျယ် ဆုံးရှုံးခဲ့ရပြီး Thai Airways နဲ့ စရိတ်နည်းလေကြောင်းလိုင်း Nok Air တို့ဟာဒေဝါလီ မခံရအောင် ကာကွယ်ပေးတဲ့အနေနဲ့ လုပ်ငန်းဖွဲ့စည်းပုံ ပြောင်းနေရပါတယ်။ NokScoot လေကြောင်းလိုင်းကတော့ မနှစ်က ဖျက်သိမ်းခဲ့ရပါတယ်။

5 mins Ago
Up