မွေထိုင်းလက်ဝှေ့ချန်ပီယံ ကယန်းကျားသစ်မယ် ဘရော်နီကာ အပါအဝင် Thai Fight က ဖိုက်တာတွေ၊ မျိုးဆက်သစ် လူငယ်မွေထိုင်းလက်ဝှေ့သမားတွေဟာ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာနဲ့ ဇန်နဝါရီ ၃၁ ရက်က ဘန်ကောက်မြို့တော်ရှိ ထိုင်းအစိုးရအိမ်တော်မှာ ထိုင်းယဉ်ကျေးမှုဝန်ကြီးဌာနရဲ့အစီအစဉ်နဲ့ တွေ့ဆုံခဲ့ပါတယ်။
Photo-Vero Nika
ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်မှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေဟာ သူတို့ ကားတွေ မော်တော်ဆိုင်ကယ်တွေနဲ့ သြဂုတ် ၁ ရက်နေ့က လမ်းတွေပေါ် ထွက်လာခဲ့ကြပြီး ကိုဗစ်-၁၉ ရောဂါ အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းနေတဲ့ ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာကို မကျေနပ်ကြောင်း ပြခဲ့ကြပါတယ်။
ဘန်ကောက်မြို့ပေါ်က ကီလိုမီတာ ၂၀ ရှည်တဲ့ လမ်းကြောတလျှောက် ကားအမျိုးမျိုးက ဟွန်းတွေ တီးရင်း လက်သုံးချောင်းထောင် လက်မြှောက်ထားရင်း ဆန္ဒပြပွဲမှာ ပါဝင်ခဲ့ကြပါတယ်။
လက်သုံးချောင်းထောင် အလေးပြုတဲ့ ပုံစံဟာ The Hunger Games ရုပ်ရှင်ထဲမှာ တော်လှန်ရေးအတွက် သင်္ကေတ ဖြစ်ပါတယ်။
အစိုးရဟာ ကိုဗစ်ကာကွယ်ဆေး အချိန်မီထိုးပေးဖို့ ပျက်ကွက်ခဲ့တယ်လို့ အသက် ၄၇နှစ်အရွယ် ဆန္ဒပြသူ တယောက်က ပြောပါတယ်။
“တောင်းဆိုဖို့ ထွက်မလာခဲ့ရင် ရှင်းရှင်းလေးပဲ အစိုးရက ကျနော်တို့ကို လျစ်လျူရှု ထားမှာပဲ” လို့ပြောပါတယ်။
ထိုင်းနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးကို ရုန်းကန် ရင်ဆိုင်နေရတာဖြစ်ပြီး စုစုပေါင်း ကူးစက်ခံ လူဦးရေ ၆၁၅၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၄၉၉၀ ဦး ရှိထားပါတယ်။
ရောဂါကူးစက်မှု နှေးစေဖို့ သြဂုတ်လကုန်အထိ ဘန်ကောက်နဲ့ ကူးစက်နှုန်းမြင့်တဲ့ ခရိုင်တွေမှာ ပိုတင်းကျပ်တဲ့ ထိန်းချုပ်ရေး လုပ်ဆောင်ချက်တွေကို မနေ့က သီတင်း ၂ ပတ် ထပ်တိုးထားပါတယ်။