close

ထိုင်း-မြန်မာ နပ်စပ်

close

June 5, 2022

မဲဆောက်တွင် မူးယစ်ဆေးနှင့် တရားမဝင်လုပ်ရပ်များ တားဆီးနှိမ်နင်းဖမ်းဆီးရန် ရဲဗိုလ်မှူးကြီး ညွှန်ကြား

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့မှာ မူးယစ်ဆေးဝါးနဲ့ တခြားသော တရားမဝင်လုပ်ရပ်တွေကို တားဆီးနှိမ်နင်း တင်းကျပ်စစ်ဆေး၊ ဖမ်းဆီးဖို့ မဲဆောက်မြို့မရဲစခန်းမှ ရဲဗိုလ်မှူးကြီး မွန်းစကယောက်အွန်က ဇွန် ၅ ရက် မနက်က  ရဲတပ်ဖွဲ့ဝင်တွေကို ညွှန်ကြားလိုက်ပါတယ်။ 

မဲဆောက်မြို့တွင်း မူးယစ်ဆေးဝါးတွေ နည်းပေါင်းစုံနဲ့ သယ်ဆောင်တာ၊ ရောင်းဝယ်သုံးစွဲတာတွေကို စစ်ဆေးဖမ်းဆီးဖို့နဲ့ တခြားသော တရားမဝင်လူကုန်ကူးတာ၊ တရားမဝင်နယ်စပ် ဖြတ်ကျော်တာကို ဖမ်းဆီးအရေး ယူနိုင်ဖို့ ထိုင်းရဲ၊ ထိုင်းစစ်တပ်၊ ထိုင်းနယ်စပ်ရဲ၊  ထိုင်းလဝက၊ ခရီးသွားရဲနဲ့ တခြားဌာနဆိုင်ရာတွေက လူအင်အား ၁၅၀ လောက်နဲ့  မဲဆောက်မြို့ပေါ်ရပ်ကွက်တွေနဲ့ မြို့တွင်းမှာပါ  စစ်ဆေး ဖမ်းဆီးသွားမယ်လို့  မဲဆောက်မြို့မရဲမှူးကြီးက ပြောပါတယ်။

ခုလို ညွှန်ကြားပြီးနောက် မဲဆောက်ဈေးကြီးမှာ ဒီနေ့မနက် တနင်္ဂနွေအလုပ်ပိတ်ရက်  ဈေးဝယ်လာကြတဲ့ မြန်မာရွေ့ပြောင်းလုပ်သားတွေနဲ့ မိသားစုတွေကို ထိုင်းရဲတွေက စစ်ဆေးဖမ်းဆီးတာတွေ ရှိနေတယ်လို့ ဈေးကိုသွားရောက်ခဲ့တဲ့  မဲဆောက်ရောက်မြန်မာပြည်သား တယောက်က ပြောပါတယ်။ 

ထိုင်းနိုင်ငံအတွင်း ပျော်ပါး၊ သောက်စားတာတွေ  ည ၁၂ နာရီမကျော်လွန်ဘဲ လုပ်ဆောင်ကြဖို့ ထိုင်းရဲဌာနချုပ်က ထုတ်ပြန်ထားတဲ့ ညွှန်ကြားကို ဆက်လက်လိုက်နာကြဖို့လည်း ထိုင်းအာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့မှာ မူးယစ်ဆေးဝါးမှုတွေ ဖမ်းဆီးခရတာ အနည်းငယ်သာရှိပေမဲ့ ထိုင်းဘက်ကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကတော့ နေ့စဉ်လိုလို ဖမ်းဆီးခံရတာ ရှိနေပါတယ်။

1 min Ago
Up