တရုတ်နိုင်ငံမှာ အသက် ၁၂ နှစ်ကနေ ၁၇ နှစ်ကြား ကျောင်းသားဦးရေ ၉၁ ရာခိုင် နှုန်းကို ကိုဗစ်-၁၉ ကာကွယ်ဆေး အပြည့်အဝထိုးနှံထားပြီးဖြစ်တယ်လို့ နိုင်ငံပိုင်ရုပ်သံ သံသတင်းမှာ ကြေညာသွားခဲ့ပါတယ်။
ဒါပေမယ့် သက်ဆိုင်ရာ အာဏာပိုင်တွေကတော့ ရောဂါကူးစက်မှုအန္တရာယ်နဲ့ ပတ် သက်ပြီး စာသင်ကျောင်းတွေအနေနဲ့ သတိထားဖို့ လိုအပ်နေသေးတယ်လို့ ကနဦး ပြောထားခဲ့တာပါ။
နိုင်ငံအရှေ့တောင်ပိုင်း ဖူဂျီယမ်ပြည်နယ်တွင်း အခုလထဲမှာ ကိုဗစ်-၁၉ ရောဂါကူး စက်မှု ၁၅၂ ယောက်ထိ မြင့်တက်ခဲ့ပြီး ကူးစက်ခံရသူတွေထဲမှာ အနည်းဆုံး မူကြို ကျောင်း ၂ ကျောင်းနဲ့ မူလတန်းကျောင်း ၄ ကျောင်းတို့မှ ကာကွယ်ဆေး မထိုးရသေးတဲ့ ကျောင်းသားကျောင်းသူတွေ ပါဝင်နေတယ်လို့ ဒေသတွင်း အာဏာပိုင်တွေရဲ့ ကိန်းဂဏန်း အချက်အလက်တွေအရ သိရပါတယ်။
တရုတ်နိုင်ငံမှာ အသက် ၃ နှစ်က စတင်ထိုးနှံနိုင်မယ့် ကိုဗစ်-၁၉ ကာကွယ်ဆေး ၂ မျိုးကို အသုံးပြုဖို့ ခွင့်ပြုလိုက်ပြီဖြစ်ပေမယ့် ကာကွယ်ဆေး ကြီးကြပ်ကွပ်ကဲရေး အာဏာ ပိုင်တွေကတော့ အသက် ၁၂ နှစ်အောက်ကလေးတွေကို ထိုးနှံဖို့ အရည်အသွေး ပြည့်မီ ခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။
စာသင်ကျောင်းတွေအနေနဲ့ ကိုဗစ်-၁၉ တိုက်ဖျက်ရေး အစီအမံတွေ ပိုမိုထိရောက် စေဖို့နဲ့ သတ်မှတ်ထားတဲ့ နည်းလမ်းတွေအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်သင့်ကြောင်းလည်း တရုတ်ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တခုထဲမှာ ပြောထားပါတယ်။
တရုတ်နိုင်ငံမှာ အသက် ၁၂ နှစ်ကနေ ၁၇ နှစ်ကြား ကျောင်းသားတွေကို ကာ ကွယ်ဆေးထိုးအစီအစဉ်ကို ပြီးခဲ့တဲ့ ဇူလိုင်လက စတင်ခဲ့တာ ဖြစ်ပါတယ်။
စက်တင်ဘာ ၆ ရက်နေ့အထိ တနိုင်ငံလုံးအတိုင်းအတာနဲ့ ကာကွယ်ဆေးထိုးနှံပြီး စီးမှုဟာ ၇၀ ရာခိုင်နှုန်းအောက်သာရှိနေတာမို့ ကျောင်းသားကလေးငယ်တွေကို ကာ ကွယ်ဆေးထိုးနှံမှုအစီအစဉ်ရဲ့ အပြည့်အဝထိုးနှံမှုနှုန်း ၉၁ ရာခိုင်နှုန်းက ပိုပြီးတော့ သိသိ သာသာမြင့်တက်နေတာကို တွေ့ရပါတယ်။