close

ထိုးသွင်းဒဏ်ရာ

close

July 10, 2022

ပြည်ကြီးတံခွန်တွင် ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားတဦးအလောင်းတွေ့ ရှိ

မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ် ၁၃၂ လမ်း၊ ၆၉ လမ်း ၇၀ လမ်းကြားရှိ လမ်းဘေးကွမ်းယာဆိုင်နားမှာ ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အသက် ၃၅ နှစ်အရွယ် အမျိုးသားတယောက်ကို တွေ့ရရှိတယ်လို့ ရွှေမဉ္ဇူပရဟိတလူမှုကူညီရေးအသင်းက ပြောပါတယ်။

ဇူလိုင် ၉ ရက် ည ၁၁ နာရီ ဝန်းကျင်လောက်က ရင်ဘတ်မှာ ဓားထိုး ဒဏ်ရာ ၅ ချက်နဲ့ သွေးအိုင်ထဲ သေဆုံးနေတဲ့အမျိုးသားတဦးအား တွေ့ရပြီး အနီးမှာ ၄၀ယ/၂၆၆၀၄ CZI အနီရောင် ဆိုင်ကယ် တစီးတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ရွှေမဉ္ဇူပရဟိတ လူမှုကူညီရေးအသင်း တာဝန်ရှိသူက "အသင်းကို အလုပ်ပြန်လာတဲ့ လူငယ်နှစ်ဦးက ဖုန်းအကြောင်းကြားလို့ လိုက်သွားပြီး ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တာပါ။ သေဆုံးသူ အမျိုးသားရဲ့ မိသားစုတွေနဲ့ အခုမှ ဆက်သွယ်နေတုန်းပါ” လို့ ပြောပါတယ်။ 

သေဆုံးသူအမျိုုးသား ဘယ်သူဘယ်ဝါဆိုတာ မသိရသေးသလို ဘာကြောင့် အသတ်ခံရတယ်ဆိုတာ မသိရသေးပါဘူး။

မန္တလေးမြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ပစ္စည်းလုယက်မှုတွေ၊ ဓားပြတိုက်မှုတွေအပြင် သတ်ဖြတ်ခံရပြီး အလောင်းစွန့်ပစ်မှုတွေ နေစဉ်နီပါးကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

56 seconds Ago
Up