close

ထီးချိုင့်မြို့နယ်တိုက်ပွဲ

close

June 28, 2021

ထီးချိုင့်မြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ ဦးခန့် ကျဆုံး

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (HPDF) နဲ့ မဟာမိတ်တပ်ဖြစ်တဲ့ ကေအိုင်အေတို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ ဦးလောက် ကျဆုံးသွားတယ်လို့ သိရပါတယ်။

ထီးချိုင့်မြို့နယ်၊ မော်ကွန်းတောင်ရိုး လမ်းပိုင်းမှာ စစ်ကောင်စီတပ်တွေ စီးလာတဲ့ မော်တော်ကား ၃ စီးကို ဇွန်လ ၂၆ ရက်နေ့ ညနေ ၃ နာရီလောက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ကြတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ထီးချိုင့်မြို့) ရဲ့ ဇွန်လ ၂၇ ရက်နေ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

HPDF နဲ့ ကေအိုင်အေ ဘက်က အထိအခိုက် အကျအဆုံး လုံးဝမရှိခဲ့ဘဲ စစ်ကောင်စီတပ်ဖွဲ့ဘက်ကတော့ ၁၄ ဦးထက်မနည်း ကျဆုံးကာ ၇ ဦးနဲ့ အထက် ဒဏ်ရာရရှိသွားတယ်လို့  ဆိုပါတယ်။

စစ်ကိုင်းတိုင်း ကသာခရိုင်အတွင်းမှာ အခု လပိုင်းအတွင်း စစ်ကောင်စီတပ်တွေဟာ လူနေထိုင်ရာနေရာတွေကို ဝင်ရောက်ပစ်ခတ်နေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ -PDF (ထီးချိုင့်မြို့)

5 mins Ago
Up