ယူကရိန်းသမ္မတ ဇလန်းစကီးရဲ့ အတွင်းစည်း အဝန်းအဝိုင်းမှာ မကြာသေးမီက ဝန်ထမ်း အပြောင်း အလဲတွေ ရှိခဲ့ပေမဲ့ ယူကရိန်းနဲ့ ထောက်လှမ်းရေးသတင်း ဖလှယ်တာတွေ ဆက်လုပ်သွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ဇူလိုင် ၁၈ ရက်မှာ ပြောလိုက်ပါတယ်။
ဇလန်းစကီးဟာ ရုရှားသူလျှိုတွေကို အမြစ်ဖြတ်ဖို့ ပျက်ကွက်မှုကို ကိုးကားပြီး ယူကရိန်းအစိုးရရဲ့ အကြီးမား ဆုံးပြည်တွင်းသုတ်သင် ရှင်းလင်းမှုထဲမှာ သူ့ရဲ့ငယ်သူငယ်ချင်းနဲ့ အနီးကပ် မဟာမိတ် တွေကို ရာထူးကနေ ဖယ်ရှားခဲ့ပါတယ်။
သူ့ရဲ့မဟာမိတ် နှစ်ယောက်ဖြစ်တဲ့ SBU လုံခြုံရေးဝန်ဆောင်မှုအကြီးအကဲ အီဗန် ဘာကာနော့ဗ်နဲ့ အစိုးရ ရှေ့နေချုပ် အီရီနာ ဗက်နက်ဒစ်တိုဗာတို့ဟာ သူတို့ အဖွဲ့အစည်း တွေထဲမှာရှိတဲ့ "သစ္စာဖောက်တွေကို အမြစ်မဖြုတ်ခဲ့ဘူးဆိုတာ ဇလန်းစကီးက အသိအမှတ်ပြုခဲ့ပါတယ်။
အမေရိကန်ဟာ အဖွဲ့အစည်းတွေနဲ့ ဆက်ဆံရေး တည်ဆောက်ထားပြီး ယူကရိန်းအစိုးရအတွက် အသစ်ရောက်လာမယ့် အရာရှိတွေနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ နဒ် ပရိုက်စ် က ပြောခဲ့ပါတယ်။