close

ထောင်ချခံရသူ

close

October 2, 2021

မုံရွာနှင့်ရွှေဘိုတွင် ဓားပြမှု၊ မုဒိမ်းမှု၊ မူးယစ်ဆေးမှုတို့ဖြင့် ဖမ်းဆီးထောင်ချခံရသူများ ပြန်လွတ်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရဲစခန်းမှာ ဖမ်းဆီးထားတဲ့ အချုပ်သား ၉ ယောက်ကို  အောက်တိုဘာ ၁ ရက် ညနေပိုင်းက ပြန်လွှတ်ပေးလိုက်တယ်လို့ ရဲစခန်းနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

"ကျနော်တို့ သိရသလောက်ကတော့ အခုလွတ်ပေးတဲသူတွေကတော့ မုံရွာမြို့ပေါ်လုယက် ဓားပြတိုက်တဲ့သူ ၈ ယောက်နဲ့ အသက်မပြည့်သေးတဲ့ မိန်းကလေးတယောက်ကို ခိုးယူ မုဒိန်းကျင့်တဲ့သူ ၁ ယောက်ဖြစ်တယ်” လို့ ရဲစခန်းနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

စစ်ကိုင်းတိုင်း ရွှေဘိုအကျဉ်းထောင်ကနေ အောက်တိုဘာလ ၁ ရက် ညနေ ၆ နာရီလောက်က မူးယစ်ဆေးဝါးမှုနဲ့ ထောင်ကျနေသူတချို့ လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။

လွတ်မြောက်လာသူ ၅၀ လောက်ရှိပြီး စစ်ကောင်စီကနေ လွတ်ငြိမ်းချမ်းသာပေးတဲ့အတွက် လွတ်မြောက်လာတာလို့ သိရပါတယ်။

6 mins Ago

December 16, 2019

တရားသူကြီးအား ကြိုးပြတ်‌နေသည့် ချိန်ခွင်ပေးခဲ့သဖြင့် ထောင်ချခံရသူ ကိုပေါလု ပြန်လွတ်မြောက်

တရားသူကြီးကို ကြိုးပြတ်‌နေတဲ့ ချိန်ခွင်ပေးခဲ့တဲ့အတွက်  ထောင်ဒဏ် ၃ လ ကျခံရတဲ့ ကိုပေါလုဟာ ဒီကနေ့ ဒီဇင်ဘာ ၁၆ ရက်မနက်က လွတ်ရက်စေ့ပြီး မြစ်ကြီးနား အကျဉ်းထောင်ကနေ   ပြန်လွတ်လာပါတယ်။ ကချင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ တကျော့ပြန်စစ်ပွဲ ၈ နှစ်ပြည့်အဖြစ် သရုပ်ဖော် တင်ဆက်ခဲ့ရာမှာ ခွင့်ပြုချက်မတင်လို့ဆိုပြီး မဆိုင်းနူးပန်နဲ့အတူ ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၉ နဲ့ ထောင်ဒဏ် ၁၅ ရက် ချမှတ်ခဲ့တာကို မကျေနပ်လို့ တရားခွင်အပြီး တရားသူကြီးကို ကိုပေါလုက ချိန်ခွင်အပျက် ပေးအပ်ခဲ့တာပါ။ မဆိုင်းနူးပန်ကတော့ စက်တင်ဘာ ၁၆ ရက်နေ့က ပြန်လည်လွတ်မြောက်ခဲ့ပြီး ကိုပေါလုကတော့ တရားသူကြီးကို ကြိုးပြတ်နေတဲ့ ချိန်ခွင်ပေးခဲ့တဲ့အတွက် ပြည်သူ့ဝန်ထမ်းတဦး တရားစီရင်မှု ဆောင်ရွက်နေစဉ် စော်ကားနှောင့်ယှက်မှု ရာဇသတ်ကြီး ပုဒ်မ ၂၂၈ နဲ့ ထောင် ၃ လ ထပ်မံချမှတ်ခံခဲ့ရပါတယ်။
2 years Ago
Up